Qualcomm ကနေလက်ရှိအချိန်မှာ Android ဖုန်းတွေအတွက် Flagship Chipset ဖြစ်တဲ့ Snapdragon 8 Gen 2 ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Snapdragon 8 Gen 2 Chipset ဟာ ပါဝါစားသုံးမှုပိုင်းမှာ ယခင်ထက် Optimization ပိုမိုကောင်းမွန်လာပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း သိသိသာသာပိုမိုကောင်းမွန်လာတာဖြစ်ပါတယ်။

Qualcomm ရဲ့ ပြောကြားချက်အရတေ့ာ ယခုနှစ်ကုန်ပိုင်းမှာ Snapdragon 8 Gen 2 Chipset အသုံးပြုထားတဲ့ဖုန်းတွေကို အစောဆုံးမြင်တွေ့ရမယ်လို့ သိရပါတယ်။ Qualcomm ကနေ Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာမယ့် စမတ်ဖုန်းကုမ္ပဏီအချို့ကို ဖော်ပြခဲ့ပြီး အဆိုပါ ကုမ္ပဏီတွေထဲမှာ ASUS ၊​ OPPO ၊​ Xiaomi ၊ Redmi ၊​ Meizu အပါအဝင် နာမည်ကြီး ကုမ္ပဏီအများအပြားပါဝင်ခဲ့ပါတယ်။

အခုလည်း Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကနေ Xiaomi ဟာ အစောဆုံး Snapdragon 8 Gen 2 Chipset ကို သုံးထားတဲ့ Flagship ဖုန်းကို မိတ်ဆက်လာတော့မယ်ဆိုပြီး Weibo စာမျက်နှာမှာရေးသားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်သွားမလဲဆိုတာ မသိရသေးသလို ဘယ်ဖုန်းဖြစ်မလဲဆိုတာကိုလည်း ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ Xiaomi 13 Series ဖုန်းတွေဖြစ်လာမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလအတွင်းမှာ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China