Lenovo က Snapdragon X Elite Chipset ပါတဲ့ Yoga Slim 7x 14 Gen 9 နဲ့ ThinkPad T14 Gen 6 Laptop တွေကို ကြေညာလိုက်ပါတယ်။

Yoga Slim 7x 14 Gen 9

နာမည်အတိုင်းပဲ Laptop ဟာ အလွန်ပါးလွှာပြီး ၁၂.၉ မီလီမီတာပဲ ရှိပါတယ်။ အလေးချိန်က ၁.၂၈ ကီလိုဂရမ် ဖြစ်ပါတယ်။ 70Whr Battery တပ်ဆင်ထားပြီး ကုမ္ပဏီက ၁၅ မိနစ်အားသွင်းရင် ၃ နာရီ အသုံးခံတဲ့ Rapid Charge Express နည်းပညာပါတယ်လို့ ပြောပါတယ်။

Chipset မှာ စာသား ကနေ ဓါတ်ပုံ ထုတ်ပေးတဲ့ Generative AI နဲ့ တခြား AI Feature တွေကို ထောက်ပံ့ပေးတဲ့ Qualcomm Hexagon NPU ထည့်သွင်းထားပါတယ်။ 16GB LPDDR5X RAM နဲ့ 1TB PCIe Gen 4 M.2 SSD ထည့်သွင်းထားပြီး 14.5” 3K 90Hz OLED Display ပါပါတယ်။ ဒေါ်လာ ၁,၂၈၉ သတ်မှတ်ထားပါတယ်။

ThinkPad T14s Gen 6

ဒီ Laptop မှာလည်း Snapdragon X Elite Chip နဲ့ Generative AI စွမ်းရည်တွေ ပါပါတယ်။ 32GB LPDDR5X RAM နဲ့ 1TB M.2 PCIe Gen 4×4 SSD ထည့်သွင်းထားပြီး 58Whr Battery ပါပါတယ်။ Rapid Charge က ၁ နာရီအတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

14” WUXGA (1920×1200) IPS Display တပ်ဆင်ထားပြီး 400 Nits Brightness ထုတ်လုပ်ပေးပါတယ်။ အထူက ၁၆.၉ မီလီမီတာနဲ့ အလေးချိန်က ၁.၂၄ ကီလိုဂရမ် ရှိပါတယ်။ ၂,၆၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina