ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက Lenovo ကနေ Microsoft ရဲ့ Surface Go နဲ့ Surface Pro Tablet တွေကို ယှဥ်ပြိုင်ဖို့အတွက် Yoga Duet 7i နဲ့ Ideapad Duet 3i တို့ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း လက်ရှိ Windows OS သုံးထားတဲ့ Laptop တွေထဲမှာ ရှားရှားပါးပါး 5G အသုံးပြုနိုင်တဲ့ Lenovo Flex 5G Laptop ကိုပါ ပြသလိုက်ပါတယ်။

အဆိုပါ Lenovo Flex 5G Laptop ဟာ 360-degree အထိခေါက်ချိုးနိုင်မယ့် Hinge တစ်ခုပါဝင်ပြီးတော့ Touch Screen ဖြစ်တဲ့အတွက် Windows Tablet တစ်လုံးအနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 400 Nits Brightness ကို Support လုပ်နိုင်တဲ့ 14″ Full HD Display ပါဝင်မယ်လို့ သိရပါတယ်။

Specification အနေနဲ့ကတော့ Qualcomm Snapdragon 8cx Chipset ကို အသုံးပြုထားပြီး 8GB LPDDR4X RAM ၊ 256GB UFS 3.0 Storage တွေပါဝင်မှာဖြစ်ပါတယ်။ အခုလိုမျိုး Always-on ၊ Always-connected PC တစ်ခုဖြစ်တဲ့အပြင် 5G ကိုပါ Support ပြုလုပ်နိုင်တာက Internet ကို အမြဲတမ်းလိုအပ်နေတဲ့သူတွေအတွက်ကတော့ လုံးဝသဘောကျစရာဖြစ်ပါတယ်။

Lenovo Flex 5G Laptop မှာဆိုရင် 60Wh Battery ပါဝင်မှာဖြစ်ပြီး ၂၄ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်သလို USB-C ကနေလည်း 45W Fast Charging နဲ့ အားသွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Lenovo Flex 5G Laptop ကတော့ လောလောဆယ်မှာ US မှာပဲ $1,399 (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး တခြားသော နိုင်ငံတွေမှာတော့ Lenovo Yoga 5G ဆိုပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – Gizmo China