Lenovo ကုမ္ပဏီဟာ သူတို့ရဲ့ပထမဆုံး Gaming စမတ်ဖုန်းဖြစ်တဲ့ Legion စီးရီးကို မိတ်ဆက်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။ Lenovo Legion ဖုန်းကို ဇူလိုင် ၂၂ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာမှာဖြစ်ပြီး ယနေ့မှာတော့ ဒီဖုန်းရဲ့ သွင်ပြင်ကို ဖော်ပြလာတဲ့ Short Video လေးတစ်ခု ထွက်ရှိလာခဲ့ပါတယ်။

ဒီဗီဒီယိုထဲမှာ Lenovo Legion ရဲ့ ထူးခြားတဲ့ Feature တစ်ခုဖြစ်တဲ့ ဘေးတိုက်ထွက်ပေါ်လာတဲ့ Pop-up ဆဲလ်ဖီးကင်မရာလေးကို ဖော်ပြလာခဲ့ပြီး သူဂိမ်းဆော့နေတာကို တိုက်ရိုက် Live-recording လုပ်ပြနေပုံပါ မြင်တွေ့ရပါတယ်။ ဒါ့အပြင် ဖုန်းရဲ့နောက်ဘက်ဒီဇိုင်းကို သေချာမြင်တွေ့ရသလို အလည်တည့်တည့်က 64MP + 16MP Ultra-wide ကင်မရာကိုလည်း တွေ့ရမှာပါ။

Lenovo Legion ရဲ့ အခြား Specs တွေကတော့ 144Hz Refresh Rate ရရှိနိုင်မယ့် 6.67” AMOLED Display, Snapdragon 865+ ချစ်ပ်ဆက်အသစ်နဲ့ 16GB RAM / 512GB UFS 3.1 Storage မန်မိုရီအတွဲတို့ ဖြစ်ပါတယ်။ ဒီဖုန်းမှာ USB-C Port နှစ်ခုပါဝင်မှာဖြစ်ပြီး 5,000 mAh ဘက္ထရီနဲ့ 90W အားသွင်းစနစ်တို့ကို မြင်ရနိုင်ပါတယ်။

Ref – GSMArena