Lenovo က တရုတ်မှာ PC အသစ် ၁ လုံးကို ကြေညာလိုက်ပြီး Legion Blade 7000K 2023 Desktop PC လို့ အမည်ပေးထားပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Core i7-13700KF processor

Lenovo Legion Blade 7000K 2023 Desktop PC မှာ နောက်ဆုံးထုတ် Intel Core i7-13700KF Processor မောင်းနှင်ထားပီး စွမ်းရည်မြင့် NVIDIA GeForce RTX 3060 Ti နဲ့ RTX 3070 Graphics Cards  တွေကို ရွေးချယ်နိုင်ပါတယ်။ 16GB RAM နဲ့ 512GB Solid-state Drive (SSD) တပ်ဆင်ထားပါတယ်။

Lenovo Legion 7000K 2023 Desktop PC

Intel Core i7-13700KF Processor ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖြန့်ချိခဲ့တာ ဖြစ်ပြီး Raptor Lake, Raptor Cove နဲ့ Gracemont Architecture အပေါ် အခြေပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Home System အတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပြီး 16 Cores နဲ့ 24 Threads ပါပါတယ်။ Intel 7 Manufacturing နည်းပညာကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပြီး Max Turbo Frequency က 5400MHz ဖြစ်ပါတယ်။ DDR5-5600 နဲ့ DDR4-3200 Memory ကို ထောက်ပံ့ပါတယ်။

Lenovo Legion 7000K 2023 Desktop PC

Legion Blade 7000K 2023 desktop PC (Core i7-13700KF + RTX 3070 + 16GB + 512GB) ကို ၁,၅၇၃ ဒေါ်လာနဲ့ Core i7-13700KF + RTX 3060 Ti + 16GB + 512GB ပါတဲ့ မော်ဒယ်ကို ၁,၄၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina