Lenovo ရဲ့ပထမဆုံး Gaming Phone ဖြစ်တဲ့ Legion ဟာ လပေါင်းများစွာ Tease လုပ်လာခဲ့ပြီး မကြာသေးခင်ကမှ သူ့ရဲ့ဒီဇိုင်းကို စတင်မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် Specs သို့မဟုတ် ထွက်ရှိရက် တစ်စုံတစ်ရာတော့ တရားဝင်ထုတ်ပြန်လာတာမရှိခဲ့သေးပါဘူး။

ယနေ့မှာ ကုမ္ပဏီရဲ့ Weibo အကောင့်ကနေ Teaser ဗီဒီယိုတစ်ခု ထပ်တင်လာပြီး ဒီဟန်းဆက်ဟာ ဂိမ်းဆော့စဉ် ဘေးတိုက်ကိုင်ထားရတဲ့ အနေအထားဖြင့် အသားပေးသုံးစွဲရမယ့် ပုံစံကို ပြသလာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိမှာ စမတ်ဖုန်းတွေကို လက်ဖဝါးတစ်ဖက်တည်းနဲ့ ဒေါင်လိုက်သာ ကိုင်ဆောင်သုံးစွဲတတ်ကြပြီး Lenovo Legion ရဲ့ဒီဇိုင်းပုံတွေ ထွက်လာတည်းက ဒီဖုန်းဟာ ဂိမ်းဆော့နေတဲ့ ဘေးတိုက်အလျားလိုက်အနေအထားဖြင့်သာသုံးစွဲနိုင်ဖို့ ဦးစားပေးထားတာကို တွေ့ခဲ့ရတာပါ။

ဘယ်လောက်ထိလဲဆိုရင် ဆဲလ်ဖီးကင်မရာကိုတောင် အပေါ်ဘက်မှာမထည့်ဘဲ ဘေးတိုက် Pop-up နဲ့ ထည့်သွင်းလာသလို နောက်ဘက်ကင်မရာကိုလည်း ကျောဘက်အလည်တည့်တည့်မှာ ထည့်သွင်းနေရာချထားတာပါ။ ယခု တွေ့ရတဲ့ Teaser မှာတော့ Legion Phone ဟာ User Interface ကိုတောင် Landscape အမြင်နဲ့ အလွယ်တကူ ကြည့်ရှုသုံးစွဲနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။

ဒီဖုန်းမှာ အကြမ်းစား 90W အားသွင်းစနစ်ပါမယ်ဆိုတာကိုတော့ သိထားရပြီးပါပြီ။ Gamepad Accessories နဲ့ လက်ရှိနည်းပညာတွေထဲက ကွဲထွက်နေတဲ့ အအေးပေးနည်းပညာသစ်တစ်ခုလည်း ပါမယ်လို့ ဆိုထားပါတယ်။

Lenovo ကတော့ ဒီဖုန်းဟာ AnTuTu ပေါ်မှာ ရမှတ် 600,000 ကျော်ခဲ့တဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်တယ်လို့ ကြွေးကြော်နေပြီး အချို့ Snapdragon 865 ဖုန်းတွေတောင် ဒီ Benchmark ကို မရရှိသေးပါဘူး။

Ref – GSMArena