Lenovo Legion Y70 ဟာ Snapdragon 8+ Gen 1 Chipset ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ ၆.၆၇ လက်မ OLED 144Hz မျက်နှာပြင် တပ်ဆင်ထားပြီး 1500Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် အထက် အလယ်က Punch Hole မှာ တပ်ဆင်ထားပြီး Lenovo က လက်ဗွေရာ ကိရိယာအကြောင်း မပြောပေမယ့် ပါဝါခလုတ်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။
မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မပါတဲ့အတွက် Lenovo က ဖုန်းကို ပါးလွှာအောင် ပြုလုပ်ထားနိုင်ပြီး အထူက ၇.၉၉ မီလီမီတာ ရှိပါတယ်။ Graphite Sheet များစွာ အပါအဝင် Cooling Solution ၁၀ လွှာ ထည့်သွင်းထားပါတယ်။
Snapdragon 8+ Gen 1 Chipset နဲ့ UFS 3.1 Storage , LPDDR5 RAM တွေ ထည့်သွင်းထားပြီး 8/128GB, 12/256GB နဲ့ 16/512GB Memory Configuration တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 13MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။
Legion Y70 မှာ 5,100mAh ဘက်ထရီ ပါလာပြီး 68W Fast Charging ထောက်ပံ့ထားပါတယ်။ Android 12 အခြေပြု ZUI 14 မောင်းနှင်ထားပြီး အနက်၊ အဖြူနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၂၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၃သိန်းကနေ ၁၅သိန်းဝန်းကျင် ကျသင့်မှာပါ။
Ref : gsmarena