[Unicode]

Lenovo က အိန္ဒိယမှာ စမတ်ဖုန်း ရောင်းချတာကို ရပ်နားထားပေမယ့် တက်ဘလက်တွေကတော့ ရောင်းအား လန်းနေပါတယ်။ အခုတော့ Lenovo က M10 FHD REL နာမည်ရ တက်ဘလက် အသစ် ၁ လုံးကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီ တက်ဘလက်မှာ ၁၀.၁ လက်မ FHD IPS မျက်နှာပြင် ထည့်သွင်းထားပါတယ်။ မျက်နှာပြင် ဘေးဘောင်တွေက ထူနေတာကတော့ ခေတ်ပေါ်ဒီဇိုင်း မဟုတ်ပါဘူး။ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာ ၂ လုံး ပါပါတယ်။ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

Lenovo M10 FHD REL မှာ စွမ်းရည်နိမ့် Qualcomm Snapdragon 450 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM နဲ့ 32GB Storage တွေ ပါပြီး microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ Android 9 Pie မောင်းနှင်ထားပါတယ်။

တက်ဘလက်မှာ အရွယ်အစား ကြီးမားတဲ့ 7,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ ဒါပေမယ့် ဒိတ်အောက်နေတဲ့ microUSB Port ပဲပါတာက သိပ်မမိုက်ပါဘူး။ Dual-band Wifi , 3.5mm Audio Jack နဲ့ FM Radio Tuner တွေ ထည့်သွင်းထားပါတယ်။

Lenovo M10 FHD REL ကို အိန္ဒိယမှာ ၁၃,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေနဲ့တွက်ရင် ၂၈၀,၀၀၀ လောက် ကျသင့်မှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ ‌ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။ Lenovo ရဲ့ တက်ဘလက် အသစ်ဟာ စွမ်းဆောင်ရည် မမြင့်မားပေမယ့် တန်ဖိုးနည်း တက်ဘလက် လိုချင်သူတွေအတွက် သင့်တော်ပါတယ်။

Ref : gsmarena

[Zawgyi]

Lenovo က SD450 နဲ႔ 7,000mAh ဘက္ထရီ ပါတဲ့ M10 FHD REL တက္ဘလက္ကို ေၾကညာ

Lenovo က အိႏၵိယမွာ စမတ္ဖုန္း ေရာင္းခ်တာကို ရပ္နားထားေပမယ့္ Lenovo ရဲ႕ တက္ဘလက္ေတြကေတာ့ ေရာင္းအား လန္းေနပါတယ္။ အခုေတာ့ Lenovo က M10 FHD REL နာမည္ရ တက္ဘလက္ အသစ္ ၁ လုံးကို မိတ္ဆက္လိုက္ပါတယ္။

အဲဒီ တက္ဘလက္မွာ ၁၀.၁ လက္မ FHD IPS မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္ေတြက ထူေနတာကေတာ့ ေခတ္ေပၚဒီဇိုင္း မဟုတ္ပါဘူး။ 5MP ဆဲလ္ဖီး ကင္မရာ ၁ လုံးနဲ႔ အေရွ႕ဘက္ကို မ်က္ႏွာမူထားတဲ့ စပီကာ ၂ လုံး ပါပါတယ္။ အေနာက္ဘက္မွာ 8MP ကင္မရာ ၁ လုံး ထည့္သြင္းထားပါတယ္။

Lenovo M10 FHD REL မွာ စြမ္းရည္နိမ့္ Qualcomm Snapdragon 450 Chipset ေမာင္းႏွင္ထားပါတယ္။ 3GB RAM နဲ႔ 32GB Storage ေတြ ပါၿပီး microSD Card နဲ႔ Storage ကို ျမႇင့္တင္ႏိုင္ပါတယ္။ Android 9 Pie ေမာင္းႏွင္ထားပါတယ္။

တက္ဘလက္မွာ အ႐ြယ္အစား ႀကီးမားတဲ့ 7,000mAh ဘက္ထရီ ပါတဲ့အတြက္ ဘက္ထရီ သက္တမ္း အရမ္းလန္းမွာပါ။ ဒါေပမယ့္ ဒိတ္ေအာက္ေနတဲ့ microUSB Port ပဲပါတာက သိပ္မမိုက္ပါဘူး။ Dual-band Wifi , 3.5mm Audio Jack နဲ႔ FM Radio Tuner ေတြ ထည့္သြင္းထားပါတယ္။

Lenovo M10 FHD REL ကို အိႏၵိယမွာ ၁၃,၉၉၀ ႐ူပီး သတ္မွတ္ထားၿပီး ျမန္မာေငြနဲ႔တြက္ရင္ ၂၈၀,၀၀၀ ေလာက္ က်သင့္မွာျဖစ္ပါတယ္။ ႏိုင္ငံတကာမွာ ေရာင္းမယ့္ သတင္းကို မသိရေသးပါဘူး။ Lenovo ရဲ႕ တက္ဘလက္ အသစ္ဟာ စြမ္းေဆာင္ရည္ မျမင့္မားေပမယ့္ တန္ဖိုးနည္း တက္ဘလက္ လိုခ်င္သူေတြအတြက္ သင့္ေတာ္ပါတယ္။

Ref : gsmarena