တရုတ်ရဲ့ ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ Baidu က Lenovo နဲ့ ပူးပေါင်းကာ Lenovo ရဲ့ စမတ်ဖုန်းတွေမှာ အဆင့်မြင့် AI နည်းပညာ ဖြစ်တဲ့ Ernie Large Language Model (LLM) ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Baidu ဟာ Samsung နဲ့ Honor တို့လို တခြား စမတ်ဖုန်း ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းထားပါတယ်။

Lenovo ဟာ ကွန်ပြူတာ၊ တက်ဘလက်တွေကို ထုတ်လုပ်ရောင်းချနေပြီး အခုတော့ စမတ်ဖုန်းတွေမှာ Baidu ရဲ့ Ernie Model ကို ထည့်သွင်းတော့မှာပါ။ အခုဆိုရင် စမတ်ဖုန်းတွေမှာ AI လုပ်ဆောင်ချက်တွေ ထည့်သွင်းတာဟာ ရေပန်းစားလာနေပါပြီ။

Baidu (NASDAQ:BIDU) Teams Up with Lenovo in Smartphone AI Deal - TipRanks.com

Google ရဲ့ Pixel ဖုန်းတွေဟာ AI စွမ်းရည်အပိုင်းမှာ ထိပ်တန်းက ဦးဆောင်နေပါတယ်။ Apple ကလည်း iPhone တွေမှာ Generative AI Models ထည့်သွင်းပေးမှာပါ။ Baidu နဲ့ Lenovo တို့ ပူးပေါင်းမှုဟာ စမတ်ဖုန်း AI လောကမှာ ပြိုင်ဆိုင်ဖို့ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေမှာ အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်တာနဲ့ Chatbot တို့လို AI လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးဖို့ ရည်ရွယ်ထားပါတယ်။

သုတေသနအဖွဲ့အစည်း Canalys က ၂၀၂၄ ခုနှစ်မှာ ရောင်းချမယ့် စမတ်ဖုန်း ၅ ရာခိုင်နှုန်းဖြစ်တဲ့ အလုံးရေ သန်း ၆၀ မှာ AI စွမ်းရည်ပါလာမယ်လို့ ပြောပါတယ်။ Lenovo အပြင် vivo , Xiaomi နဲ့ Huawei တို့ဟာလည်း ကိုယ်ပိုင် On-device AI Models တွေကို ဖန်တီးနေကြပါတယ်။

Ref : gizmochina