Lenovo က တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Lenovo Tab P11 Pro လို့ နာမည်ပေးထားပြီး ၁၁.၅ လက်မ OLED 2560x1600p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 16:10 Aspect Ratio ထောက်ပံ့ထားပြီး HDR10 နဲ့ Dolby Vision ပါတဲ့အတွက် ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းတွေ ကြည့်ရှု နားဆင်ရင် အရမ်း မိုက်ပါတယ်။ JBL စပီကာ ၄ လုံး ထည့်သွင်းထားပြီး အသံထွက်က လန်ထွက်နေမှာပါ။

Lenovo Tab P11 Pro မှာ Snapdragon 730 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ အများကြီး သိမ်းလို့ရပါတယ်။ 8,600mAh ဘက်ထရီက ၁၅ နာရီတောင် အသုံးခံတာ တော်တော်မိုက်ပါတယ်။

Lenovo က Touch Pad ပါတဲ့ ကီးဘုတ် ၁ ခုကိုလည်း ထုတ်လုပ်ပေးထားပြီး Kick Stand လည်း တပ်ဆင် အသုံးပြုလို့ရပါတယ်။ Lenovo Precision Pen 2 Stylus ဖန်တီးပေးထားပြီး Lenovo Tab P11 Pro ဟာ Apple iPad Pro , Samsung Galaxy Tab S7+ နဲ့ Microsoft Surface တက်ဘလက်တွေကို စိန်ခေါ်မှာပါ။ ၇.၇ မီလီမီတာ အထူရှိပြီး အလူမီနီယမ်နဲ့ တည်ဆောက်ထားပါတယ်။ 13MP နဲ့ 5MP Ultrawide ကင်မရာ ၂ လုံးကို အနောက်ဘက်နဲ့ Face Recognition ပါတဲ့ 8MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ ပါဝါခလုတ်အောက်မှာလည်း လက်ဗွေရာ အာရုံခံကိရိယာ မြှပ်နှံထားပါတယ်။

စွမ်းရည်မြင့်သလို ဈေးကလည်း လန်းပါတယ်။ ဥရောပ ၊ အာရှနဲ့ အရှေ့ အလယ်ပိုင်းမှာ ၇၀၀ ယူရိုနဲ့ နိုဝင်ဘာလမှာ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၁၁ သိန်းလောက် ရှိပါတယ်။

Ref : gsmarena