ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Leonov ဟာ Tab P11 Pro ကို မိတ်ဆက်ခဲ့ပါတယ်။ OLED panel နဲ့ ဒီ Android တက်ဘလက်ဟာ တရုတ်ဈေးကွက်ထဲကို Xiaoxin တက်ဘလက်အနေနဲ့ ဝင်ရောက်မယ့်အကြောင်းကို စက်တင်ဘာလကုန်ပိုင်းမှာ Tease လုပ်လာတာကို တွေ့ခဲ့ရပါတယ်။

အခုတော့ ကုမ္ပဏီအနေနဲ့ Tab P11 Pro ထက် ပိုပြီးဈေးနှုန်းချိုသာမယ့် အမျိုးအစားအဖြစ် Tab P11 ကို ထုတ်လုပ်မယ့်အကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ ထွက်ပေါ်လာပါပြီ။ အကြောင်းက Tab P11 ကို Google Play console listing မှာတွေ့မြင်ရလို့ပဲ ဖြစ်ပါတယ်။ အလားတူပဲ Tab P11 ရဲ့ အဓိက အချက်အလက် အချို့အကြောင်းလည်း သိလာရပါပြီ။

Lenovo Tab P11 ဟာ Qualcomm Snapdragon 660 Chipset ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ တွဲဖက်ပေးထားတဲ့ RAM ကတော့ 4GB ဖြစ်တာလည်း တွေ့ရပါတယ်။ မျက်နှာပြင်ကတော့ 1,200 x 2,000 pixel resolution ရှိတာလည်း ဖြစ်ပါတယ်။ ကံမကောင်းတာကတော့ Tab P11 ရဲ့ ပုံစံကို ဖော်ပြနိုင်မယ့် ရုပ်ပုံတွေ မထွက်ပေါ်သေးတာပါ။ ဒါကြောင့် တက်ဘလက်ရဲ့ အသေးစိတ်ပုံစံကိုတော့ မဖော်ပြနိုင်သေးပါဘူး။

Google Supported Devices list မှာလည်း Tab P11 ကို မော်ဒယ်နံပါတ် TB-J606F နဲ့ တွေ့မြင်ရပါတယ်။ ဒီစာရင်းမှာလည်း Tab P11 နဲ့ပတ်သက်တဲ့ နောက်ထပ်အချက်အလက်သစ်တွေကို မတွေ့မြင်ရပေမယ့် ဒီစာရင်းတွေအရ၊ တက်ဘလက်ဟာ မကြာခင်မှာ ဈေးကွက်ထဲရောက်လာတော့မယ်ဆိုတာ သေချာနေပြီဖြစ်ပါတယ်။ Lenovo Tab P11 Pro ရဲ့ အနိမ့်ဆုံးဈေးနှုန်းဟာ ၁၀ သိန်းခွဲ ဝန်းကျင်ရှိတာကြောင့် Tab P11 ဟာ ဘယ်လောက်ထိ ဈေးချိုလာမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Ref: GSM Arena