Flipkart က ပိုစတာအရ Lenovo Tab P12 တက်ဘလက်ကို အိန္ဒိယမှာ နောက်လ ရောင်းချတော့မှာ ဖြစ်ပါတယ်။ TheTechOutlook က Lenovo Tab P12 ကို Flipkart မှာ တွေ့လာပြီလို့ ပြောပါတယ်။ ပိုစတာမှာ တက်ဘလက်ကို စက်တင်ဘာလ ၅ ရက်နေ့ ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။

Lenovo Tab P12

တက်ဘလက်ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် ဥရောပမှာ ယူရို ၃၉၉ နဲ့ ရောင်းချပေးထားပါတယ်။

Lenovo Tab P12 မှာ 12.7” LTPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 2944x1840p Resolution ရှိပါတယ်။ 60Hz Refresh Rate ထောက်ပံ့ထားပြီး 273ppi ရှိပါတယ်။ JBL စပီကာ ၄ လုံး တပ်ဆင်ထားပါတယ်။ 13MP အရှေ့ ကင်မရာနဲ့ 8MP Autofocus အနောက်ကင်မရာ တပ်ဆင်ထားပါတယ်။

MediaTek Dimensity 7050 Processor မောင်းနှင်ထားပြီး Android 13 OS ထည့်သွင်းထားပါတယ်။ OS Update ၂ နှစ် နဲ့ လုံခြုံရေး Update ၄ နှစ် ရရှိမှာပါ။ 4GB RAM /128GB Storage နဲ့ 8GB RAM/128GB Storage ၊ 8GB RAM /256GB Storage တွေ ထုတ်လုပ်ထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

Lenovo Tab P12

ပါဝါ ခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး WiFi 6, Dual-band WiFi, Bluetooth 5.1 တွေ ထောက်ပံ့ထားပါတယ်။ USB Type-C 2.0 Port ၁ ခု ပါလာပြီး 10200mAh Battery ထည့်သွင်းထားပါတယ်။ ဗီဒီယို ကြည့်ရင် ၁၀ နာရီ အသုံးခံပြီး Storm Grey နဲ့ Oat အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina