Lenovo က Entertainment အတွက် အထူး ပြုလုပ်ထားတဲ့ 11.5” တက်ဘလက် ဖြစ်တဲ့ Tab Plus ကို ကြေညာလိုက်ပါတယ်။ JBL စပီကာ ၈ လုံးပါလာပြီး Kickstand ထည့်သွင်းထားပါတယ်။ တက်ဘလက်ကို ဖုန်းနဲ့ချိတ်ဆက်ကာ Bluetooth စပီကာလို သုံးနိုင်ပါတယ်။

Lenovo Tab Plus launches with 11.5'' screen, eight JBL speakers, integrated kickstand

App Volume Control Feature ပါလာပြီး App ၁ ခုကို ဖွင့်ရင် အသံကို အလိုအလျှောက် တိုးပေးနိုင်ပါတယ်။ တခြား App ၁ ခုကို ဖွင့်ရင် အသံကို အလိုအလျှောက် လျှော့ပေးနိုင်ပါတယ်။

Never miss a beat with Lenovo Tab Plus, a music lover's dream tablet with eight  speakers - Lenovo StoryHub

LCD Screen မှာ 90Hz Refresh Rate ပါလာပြီး 2000×1200 Resolution နဲ့ 400 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ MediaTek Helio G99 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ပါပါတယ်။

အနောက်နဲ့ အရှေ့မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး နားကြပ်ပေါက်နဲ့ 45W Fast Charging ထောက်ပံ့တဲ့ 8,600mAh Battery ပါပါတယ်။ Android 14 OS မောင်းနှင်ထားပြီး Software Update ၂ နှစ်နဲ့ Security Patch ကို ၂၀၂၈ ခုနှစ် ဇွန်လအထိပေးမှာပါ။

Lenovo Tab Plus အတွက် Luna Grey အရောင် ထုတ်လုပ်ထားပြီး ၂၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena