Lenovo ကနေ Tablet အသစ် ၂ ခုကို ထုတ်ပြလိုက်ပါတယ်။ အဲ့ဒီ ၂ ခုကတော့ Lenovo Tab 7 နဲ့ Tab 7 Essential လို့ နာမည်ပေးထားပြီး အဆိုပါ Tablet ၂ ခုကို ထူးခြားစေတာကတော့ Lenovo Tab 7 က ၉၉.၉၉ ဒေါ်လာပဲ ကျသင့်မှာဖြစ်ပြီး Tab 7 Essential က ပိုတောင် ဈေးသက်သာတဲ့ ၇၉.၉၉ ဒေါ်လာနဲ့ပဲ ရောင်းချသွားမှာပါ။

Lenovo Tab 7 မှာ ဆိုရင် 7″ HD Resolution Display ပါဝင်မှာဖြစ်ပြီး MediaTek Quad Core CPU နဲ့ RAM 1GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့တော့ 16GB ပါဝင်မှာဖြစ်ပြီး Front Selfie Camera က 5MP နဲ့ Back Camera ကတော့ 2MP ပါဝင်မှာဖြစ်ပါတယ်။ Lenovo Tab 7 ရဲ့ အားသာချက်ကတော့ Headphones တွေအတွက် Dolby Atoms အသံထွက်ကို Support ပြုလုပ်တာပဲဖြစ်ပါတယ်။

Lenovo Tab 7 Essential ကတော့ 7″ Display ကိုပဲ အသုံးပြုထားတာပေမယ့် 1024 × 600 Resolution ပဲဖြစ်သွားတာဖြစ်ပါတယ်။ MTK CPU ကိုပဲ အသုံးပြုထားပြီး RAM 1GB နဲ့ Storage 16GB ပါဝင်ဦးမှာပါ။

အခုထွက်ရှိလာတဲ့ Lenovo Tab 7 နဲ့ Tab 7 Essential Tablets တွေက ဈေးနှုန်းသက်သာပေမယ့် Android 7.0 Nougat ကို အသုံးပြုထားတဲ့အတွက် မဆိုးဘူးလို့ပဲပြောရမှာပါ။