Lenovo ရဲ့ Legion Pro Gaming Flagship ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကတည်းက မိတ်ဆက်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက Legion Pro ကို Transparent Edition အဖြစ်ထုတ်လုပ်ပြီး ပွဲထုတ်လာပြန်ပြီ ဖြစ်ပါတယ်။

Legion Pro Transparent Edition မှာ X-shaped ဟာ ဟန်းဆက်ရဲ့ ကျောပြင်မှာ ကြည်လင်တဲ့ကိုယ်ထည်အစိတ်အပိုင်းအဖြစ် တည်ရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့် X အမှတ်အသားမှာတော့ ဟန်းဆက်ရဲ့ အတွင်းပိုင်းကို ဖောက်ထွင်းမြင်တွေ့နိုင်မှာပါ။ X ရဲ့ တစ်ဖက်တစ်ချက်က နေရာလွတ်တွေကိုတော့ သေချာရှင်းလင်းစွာ တွေ့မြင်ရခြင်း မရှိသေးပါဘူး။

အခြားဟန်းဆက်အများစုနဲ့မတူတာက Legion Pro Transparent Edition မှာ Side-mounted pop-up camera ပါရှိတာပဲ ဖြစ်ပါတယ်။ ဟန်းဆက်ကို အသေးစိတ်မြင်တွေ့ရမယ့် အရည်အသွေးမြင့် ပုံရိပ်တွေထွက်ပေါ်လာသေးတာမဟုတ်ဘဲ အဝေးကရိုက်ကူးထားတဲ့ ပုံရိပ်တွေသာဖြစ်တဲ့အတွက် ဖောက်ထွင်းမြင်နိုင်တဲ့ ကိုယ်ထည်အောက်က အစိတ်အပိုင်းတွေနဲ့ ကင်မရာကို သေချာမြင်ရသေးတာကတော့ မချင့်မရဲဖြစ်စရာပါပဲ။

Levovo ဟာ Legion Pro Transparent Edition ကို ဘယ်အချိန်မှာ ဈေးကွက်ထဲပို့ဆောင်မယ်ဆိုတာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ခန့်မှန်းရမယ်ဆိုရင်တော့ ၁၁ ရက်၊ ၁၁ လ ဖြစ်တဲ့ Single’s Day မှာ မိတ်ဆက်လာဖွယ်ရှိပါတယ်။ ကုမ္ပဏီကလည်း 11.11 အတွက် Teasing တွေလုပ်နှင့်ပြီးသားဖြစ်တာကြောင့် သေချာသလောက်ရှိနေပြီလို့ ပြောနိုင်ပါတယ်။

Ref: GSM Arena