Intel Core Ultra Mobile CPU Series ကို ကြေညာပြီးတာနဲ့ Brand များစွာဟာ AI နဲ့ AI လုပ်ဆောင်ချက်တွေကို အသားပေးထားတဲ့ လက်ပ်တော့ အသစ်တွေကို ကြေညာလာကြပါတယ်။ အဲဒီအထဲမှာ Lenovo Xiaoxin Pro AI Ultrabook 2024 လည်း ပါလာပါတယ်။

Lenovo Xiaoxin Pro AI Ultrabook 2024

အဲဒီ လက်ပ်တော့မှာ Intel Core Ultra 5 Processor မောင်းနှင်ထားပြီး Intel Arc Graphics ပါပါတယ်။ Windows 11 မောင်းနှင်ထားပြီး 16” 2.5k မျက်နှာပြင်၊ 16:10 Aspect Ratio ၊ 350 Nits Brightness ၊ RGB Coverage နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ အလေးချိန်က ၁.၉ ကီလိုဂရမ်နဲ့ အထူက ၁၇.၅ မီလီမီတာ ရှိတဲ့အတွက် သယ်ဆောင်ရလွယ်ကူပါတယ်။

Lenovo Xiaoxin Pro AI Ultrabook 2024

အဆင့်မြှင့်ထားတဲ့ Fengshen Cooling System မှာ စွမ်းရည်မြင့် 3D Composite Heat Pipes နဲ့ Multi-dimensional Air Ducts ပါပါတယ်။ ဘက်ထရီ သက်တမ်းက ၁၂ နာရီ ဖြစ်ပါတယ်။ Backlit Keyboard ၊ တိကျတဲ့ Touchpad နဲ့ ဉာဏ်ရည်မြင့် ဆူညံသံ လျှော့ချတဲ့ စနစ် ပါပါတယ်။

84Wh Battery တပ်ဆင်ထားပြီး ဗီဒီယိုကြည့်ရင် ၂၃.၂ နာရီခံပါတယ်။ 100W PD Fast Charging နဲ့ 140W Lenovo Ultra-fast Charging ထောက်ပံ့ထားပါတယ်။ 32GB LPDDR5X RAM နဲ့ 1TB SSD ထည့်သွင်းထားပါတယ်။

USB Type-A 3.2 Gen 1 Port ၂ ခု၊ HDMI 2.0 Port ၁ ခု၊ USB Type-C Port ၁ ခုနဲ့ Thunderbolt 4 Port ၁ ခု ပါပါတယ်။ Lenovo Xiaoxin Pro AI Ultrabook 2024 ရဲ့ 16GB+1TB Version ကို ၈၁၉ ဒေါ်လာနဲ့ 32GB+1TB Version ကို ၈၄၇ ဒေါ်လာ သတ်မှတ်ထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gizmochina