Lenovo က Mobile World Congress မှာ ထူးခြားဆန်းသစ်တဲ့ လက်ပ်တော့ နမူနာ မော်ဒယ်ကို ပြသလိုက်ပါတယ်။ Yoga Solar PC ရဲ့ Display အနောက်ဘက်မှာ Solar Panel တပ်ဆင်ထားပြီး နေရောင်ခြည် ကနေ အားသွင်းနိုင်ပါတယ်။ အားသွင်းပလပ်ပေါက်တွေ မရှိတဲ့ နေရာမှာ အသုံးဝင်ပါတယ်။
ကုမ္ပဏီက Yoga Solar PC ကို ထုတ်လုပ်ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ Yoga Solar PC မှာ Back Contact Cell Design ပါတဲ့ Solar Cell ၈၄ ခု တပ်ဆင်ထားပါတယ်။ စွမ်းအင်ကို ရယူပြီး လွှဲပြောင်းပေးတဲ့ ကိရိယာတွေကို Solar Cell အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။
ဒီနေ့ခေတ် Consumer Electronics တွေမှာ သုံးနေတဲ့ ဆီလီကွန် အခြေစိုက် Solar Panel တွေထက် စွမ်းရည်မြင့်မားပါတယ်။ Lenovo က နေရောင်ခြည် မိနစ် ၂၀ ရရင် ဗီဒီယို ၁ နာရီ ကြည့်နိုင်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီက အလင်းရောင်နည်းပါးချိန်မှာ စွမ်းအင် ဘယ်လောက်ရသလဲဆိုတာ တွက်ချက်နေတယ်လို့ ပြောပါတယ်။
လက်ပ်တော့ မှာ Intel Lunar Lake Chip တပ်ဆင်ထားပြီး 32GB RAM နဲ့ 1TB Storage ထည့်သွင်းထားပါတယ်။ ၁၅ မီလီမီတာ အထူနဲ့ အလေးချိန်က ၂.၂၉ ပေါင် ရှိပါတယ်။ 14” OLED Display ပါလာပါတယ်။ Solar Panel က စွမ်းအင် ဘယ်လောက်ထုတ်ပေးနိုင်သလဲဆိုတာ ပြသပေးဖို့ Lenovo ရဲ့ Dynamic Solar Tracking System Software ထည့်ပေးထားပါတယ်။
Ref : Theverge