LG က Specs တွေလန်းတဲ့ K Series ဖုန်း အသစ် ၃ လုံးကို ကြေညာလိုက်ပါတယ်။  ဈေးတွေကို မကြေညာသေးပေမယ့် ချိုသာမယ်လို့ ထင်ပါတယ်။ ဖုန်း ၃ လုံးစလုံးမှာ Octa-core CPUs (MediaTek Chipset ဖြစ်နိုင်) မောင်းနှင်ထားပြီး ၆.၅ လက်မ မျက်နှာပြင်ပါပါတယ်။ ဘက်ထရီကလည်း 4,000mAh တွေပဲဖြစ်ပြီး စစ်တပ်အဆင့် မာကျောမှုစွမ်းရည်တွေ ပါလာပါတယ်။ USB-C Ports ၊ ကင်မရာ ၄ လုံးနဲ့ အနောက်ဘက် လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားပါတယ်။

LG K61

LG K61 ဟာ အားလုံးထဲမှာ စွမ်းရည်အမြင့်ဆုံးဖြစ်ပြီး 19.5:9 FHD+ FullVision မျက်နှာပြင်ပါလာပါတယ်။ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 5MP Depth Sensor တွေကို အနောက်ဘက်နဲ့ 16MP ကင်မရာကို အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။ 4GB RAM နဲ့ 64GB or 128GB Storage တွေပါလာပြီး microSD Card စိုက်နိုင်ပါတယ်။

LG K51S

LG K51S မှာ ပိုရှည်တဲ့ 20:9 FullVision မျက်နှာပြင်ပါလာပေမယ့် HD+ Resolution က နိမ့်သွားပါတယ်။ အနောက်ဘက်မှာ 32MP Main, 5MP Ultrawide , 2MP Macro , 2MP Depth Sensor တွေနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ ထည့်သွင်းထားပါတယ်။ 3GB RAM နဲ့ 64GB Storage တွေ ပါပါတယ်။

LG K41S

LG K41S မှာ K51S မှာလို ၆.၅ လက်မ 20:9 HD+ FullVision မျက်နှာပြင်ပါလာပါတယ်။ အနောက်ဘက်မှာ 13MP Main , 5MP Ultrawide , 2MP Macro , 2MP Depth Sensor နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ထည့်ထားပါတယ်။ 3GB RAM , 32GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။

LG က K61 , K512 နဲ့ K41S တို့ကို အမေရိကန်မှာ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းရောင်းမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တချို့ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ ဝယ်နိုင်မှာပါ။

Ref : gsmarena