LG က အိန္ဒိယမှာ တန်ဖိုးနည်း ဖုန်း အသစ် ၃ လုံးကို ချပြလိုက်ပြီး အရင်နှစ်ထုတ် W10 , W30 တို့ရဲ့ မျိုးဆက်တွေ ဖြစ်တဲ့ W11 , W31 နဲ့ W31+ တို့ ဖြစ်ပါတယ်။ W31+ ရဲ့ Specs အားလုံးနီးပါးဟာ W31 နဲ့ တူပေမယ့် W31+ မှာ 128GB အထိ Storage ကို ၂ ဆ တိုးမြှင့်ပေးထားပါတယ်။ အဲဒီ ဖုန်း ၃ လုံးစလုံးမှာလည်း တူညီတဲ့ Specs တွေ ပါလာကြပြီး ၆.၅၂ လက်မ HD+ IPS LCD မျက်နှာပြင်၊ Helio P22 Chipset နဲ့ 4,000mAh ဘက်ထရီတွေ ထည့်သွင်းထားကြပါတယ်။

LG announces W11, W31 and W31+ in India

ဖုန်း ၃ လုံးစလုံးမှာ 8MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။ W11 ရဲ့ အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးထည့်ထားပြီး W31 နဲ့ W31+ မှာ 5MP Ultrawide ကင်မရာ အပို ၁ လုံး ပါလာပါတယ်။

ဖုန်း ၃ လုံးစလုံးမှာ 512GB  microSD Card စိုက်နိုင်တဲ့အတွက် ဓါတ်ပုံ၊ ဗီဒီယိုတွေ အများကြီး သိမ်းနိုင်ပါတယ်။ W31 နဲ့ W31+ မှာ အနောက်ဘက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ ၃ လုံးစလုံးမှာ MediaTek Helio P22 Chipset ၊ Android 10 နဲ့ 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။

W11 အတွက် 3/32GB Version ၊ W31 အတွက် 4/64GB Version နဲ့ W31+ အတွက် 4/128GB Version တွေ ထုတ်လုပ်ထားပါတယ်။ ၉,၄၉၀ ၊ ၁၀,၉၉၀ နဲ့ ၁၁,၉၉၀ ရူပီး အသီးသီး သတ်မှတ်ထားပြီး ၁ သိန်း ၆ သောင်း၊ ၁ သိန်း ၉ သောင်းနဲ့ ၂ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena