ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက LG Display ကနေ ဖောက်ထွင်းမြင်နိုင်တဲ့ Transparent OLED Screen ကို မိတ်ဆက်ဖို့က နီးစပ်နေပြီလို့ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ နည်းပညာအသစ်ကို MBC Broadcasting Station ရဲ့ General Elections Ballot Counting Show မှာပြသသွားဖို့များနေပါတယ်။

အဆိုပါ Transparent OLED Display နည်းပညာဟာ Display နည်းပညာနဲ့ နောက်ထပ်အဆင့်တစ်ခုလို့တောင်ပြောနိုင်ပြီးတော့ အဆိုပါ Display ကိုဖွင့်ပြီးအသုံးပြုနေတယ်ဆိုရင်တောင်မှ ဖောက်ထွင်းမြင်နိုင်စွမ်းရှိနေမှာဖြစ်ပါတယ်။ LG အနေနဲ့ အဆိုပါ နည်းပညာကို မနှစ်ထဲကစမ်းသပ်နေခဲ့တာဖြစ်ပြီး မကြာခင်မှာပြသသွားတော့မှာပါ။

LG Display ရဲ့ ပြောကြားချက်အရတော့ အခုလက်ရှိ Transparent OLED Display တွေဟာ 55-inches ရှိတဲ့ Full HD Resolution Display တွေဖြစ်ပြီး ဖောက်ထွင်းမြင်နိုင်စွမ်း ၄၀ ရာခိုင်နှုန်းအထိရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါက ယခင် LCD Display တွေတုန်းက ဖောက်ထွင်းမြင်နိုင်စွမ်း ၁၀ ရာခိုင်နှုန်းနဲ့ယှဥ်မယ်ဆိုရင် သိသိသာသာကို တိုးတက်လာခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ဖောက်ထွင်းမြင်နိုင်တဲ့ OLED Display တွေက လောလောဆယ်မှာတော့ TV စျေးကွက်ကိုပဲဝင်ရောက်လာမှာဖြစ်ပြီးတော့ လာမယ့်နှစ်တွေမှာတော့ စမတ်ဖုန်းတွေမှာပါတွေ့လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China