ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက LG ကနေ G7 စမတ်ဖုန်းကို အနည်းငယ်ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက LG ကနေ G7 စမတ်ဖုန်းကို ဘယ်လိုမျိုးနာမည်ပေးမလဲဆိုတာကိုလည်း ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ LG ရဲ့ G7 Flagship စမတ်ဖုန်းနဲ့အတူ အခြားသောအချက်အလက်တွေကို သိနိုင်မှာပါ။
LG G7 စမတ်ဖုန်းကို LG G7 ThinQ လို့ ခေါ်ဆိုသွားမှာဖြစ်ပြီးတော့ ThinQ ဆိုတဲ့နာမည်က LG ရဲ့ ကိုယ်ပိုင် ညဏ်ရည်တု AI Assistant နည်းပညာကိုပါ ထည့်သွင်းလာမှာဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။
LG က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း V30S ThinQ ဖုန်းကို ကြေငြာခဲ့ဖူးပြီးတော့ အခု LG G7 ThinQ ဖုန်းမှာတော့ Samsung ရဲ့ Bixby Button လိုမျိုး ThinQ Button ပါ ပါဝင်လာမယ်လို့ သိရပါတယ်။
LG G7 ThinQ စမတ်ဖုန်းဟာ 6.1″ Bezel-less Display ပါဝင်မှာဖြစ်ပြီး Display အပေါ်ဘက်မှာလည်း Notch ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Specifications ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 845 Processor ၊ RAM 4GB နဲ့ Storage 64GB ပါဝင်လာမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ 8MP Selfie Camera နဲ့အတူ Dual 16MP Back Camera ပါဝင်လာမယ်လို့ သိရပါတယ်။