LG က စမတ်ဖုန်းနယ်ပယ်မှာ ပြန်လည်အောင်မြင်ဖို့ နည်းဗျူဟာတွေ ပြောင်းလဲနေပါတယ်။ LG က V60 လို စွမ်းရည်မြင့် ဖုန်းတွေကို မြောက်အမေရိကနဲ့ အနောက် ဥရောပမှာ ရောင်းမှာ ဖြစ်ပြီး တောင်ကိုရီးယား အပါအဝင် တခြား နိုင်ငံတွေမှာ LG G9 လို စွမ်းရည်သင့် ဖုန်းတွေကို ရောင်းမှာပါ။ တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ G Series နဲ့ V Series ကြားမှာ လုပ်ဆောင်ချက်တွေ တော်တော် ကွာလာမှာပါ။

LG G9 မှာ စွမ်းရည်သင့် Snapdragon 765G Chipset နဲ့ Full HD OLED မျက်နှာပြင်ပဲ ပါလာနိုင်ပါတယ်။ G8 ရဲ့ ၆.၁ လက်မထက် ပိုကြီးတဲ့ ၆.၇ ကနေ ၆.၉ လက်မအကြား မျက်နှာပြင် ထည့်ထားနိုင်ပါတယ်။ LG G9 ThinQ ကို မတ်လကုန်မှာ ကိုရီးယား ဝမ် ၉ သိန်းနဲ့ ရောင်းမယ်လို့ သတင်းထွက်နေပြီး မြန်မာငွေ ၁၀ သိန်းလောက်ရှိနိုင်ပါတယ်။ အရင်နှစ်ထုတ် LG G8 နဲ့ ဈေးတူမှာ ဖြစ်ပြီး V50 ကို ၁.၁၉ သန်း ဝမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၃ သိန်းလောက်ကျသင့်နိုင်ပါတယ်။

G9 ThinQ မှာ အနောက်ကင်မရာ ၄ လုံးပါလာနိုင်ပြီး ဇန်နဝါရီလက ထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံအရ ကင်မရာတွေကို အလျားလိုက် တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ဖိုင်နယ် ဒီဇိုင်းဟာ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ 4,000mAh ဘက်ထရီနဲ့ Quad DAC ပါတဲ့ 3.5mm Headphone Jack ပါလာနိုင်ပါတယ်။

စွမ်းရည်မြင့် ဖုန်းတွေရဲ့  Trend က ပြောင်းလဲနေပါတယ်။ စွမ်းရည်မြင့် ZTE Axon Series တွေမှာ Snapdragon 800 Series တွေကို ကနဦးမော်ဒယ်တွေကတည်းက သုံးခဲ့ပေမယ့် Axon 11 5G မှာ Snapdragon 765G ကိုပဲ သုံးထားပါတယ်။ Nokia 8.3 5G မှာလည်း အဲဒီ Chipset ကိုပဲ ထည့်ထားပါတယ်။

Ref : gsmarena