Samsung က စမတ်တီဗီတွေမှာ NFT ကို ယူဆောင်လာမယ်လို့ ကြေညာအပြီး လအနည်းငယ်အကြာမှာ LG ကလည်း အဲဒီ လမ်းစဉ်ကိုလိုက်လာပါတယ်။ LG ရဲ့ NFT ဈေးကွက် အသစ် ဖြစ်တဲ့ LG Art Lab မှာ တီဗီကနေ အရည်အသွေးမြင့် ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။

လက်ရှိမှာ webOS 5.0 နဲ့ နောက်ပိုင်း ထည့်သွင်းထားတဲ့ LG ရဲ့ တီဗီတွေ ပိုင်တဲ့ အမေရိကန်က လူတွေပဲ အဲဒီ App ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး တီဗီရဲ့ Home Screen ကနေ App ကို Download လုပ်နိုင်ပါတယ်။ အဲဒီ Portal မှာ LG က ဖြန့်ချိတဲ့ NFT တွေကို အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။ ပထမဆုံး NFT ကို စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပြီး ပန်းပုပညာရှင် Barry X Ball ရဲ့ NFT Set တွေ ပါဝင်ပါတယ်။

ပလက်ဖောင်းကနေ NFT ကို ဝယ်နိုင်ပြီဆိုရင် Screen မှာ ပေါ်နေတဲ့ QR Code ကို စကင်ဖတ်ရမှာ ဖြစ်ပြီး အဲဒီနောက်မှာ သင့်ဖုန်းက Wallypto App ကို ဖွင့်ကာ ငွေပေးချေရမှာပါ။ အဲဒီလို မလုပ်ခင် အမေရိကန် ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ USD Coin (USDC) ကို ဝယ်ထားဖို့လိုပါတယ်။

LG ရဲ့ NFT ပလက်ဖောင်းကို Hedera မှာ တည်ဆောက်ထားတာ ဖြစ်ပြီး Ethereum နဲ့ Solana တို့လို မဟုတ်ဘဲ Hedera ဟာ Blockchain မှာ လည်ပတ်နေတာ မဟုတ်ပါဘူး။ Hedera က Hashgraph လို့ ခေါ်တဲ့ Blockchain Alternative ကို သုံးထားတာပါ။

LG က လစဉ် အနုပညာရှင်တွေရဲ့ NFT တွေကို ထည့်သွင်းပေးမယ်လို့ ပြောပြီး သင် ဝယ်ယူထားတဲ့ NFT တွေကို LG Art Lab App ကနေ ကြည့်နိုင်ပါတယ်။ Samsung လိုပဲ LG ကလည်း User တွေဟာ သူတို့ NFT တွေကို တီဗီမှာ ပြသနိုင်အောင် ပြုလုပ်ပေးမယ်လို့ ထင်ပါတယ်။

Ref : theverge