LG ကနေ အခုအချိန်မှာ Budget ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ K31 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ LG K31 စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ US မှာ $150 (မြန်မာငွေ ၂ သိန်းဝန်းကျင်) နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

LG K31 ဖုန်းက 5.7″ HD+ Display ကို အသုံးပြုထားပြီး Selfie Camera ကိုလည်း Waterdrop Notch Design နဲ့ပဲ အသုံးပြုထားတာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 18.9:9 Aspect Ratio အပြင် LCD Panel ကိုပဲ အသုံးပြုထားမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 13MP Primary Sensor + 5MP Ultrawide Sensor တွေပါဝင်တဲ့ Dual Camera Setup ကိုထည့်သွင်းထားသလို Selfie Camera အနေနဲ့ကတော့ 5MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Back Camera ရဲ့ အောက်ဖက်မှာတော့ Fingerprint Sensor ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ MediaTek Helio P22 Chipset ကိုပဲ အသုံးပြုထားပြီး RAM 2GB နဲ့ 32GB Storage ပါဝင်မယ်လို့ သိရပါတယ်။ MicroSD Card ကနေ Storage ကိုထပ်မံတိုးချဲ့နိုင်မှာလည်းဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့ကတော့ Android 10 OS ကို အခြေခံထားတဲ့ LG UX ကိုအသုံးပြုထားပါတယ်။ Battery အနေနဲ့ကတော့ 3000mAh Battery ပါဝင်ပြီးတော့ အားသွင်းတဲ့အချိန်မှာတော့ MicroUSB ကိုပဲ ထည့်သွင်းထားတုန်းဖြစ်ပါတယ်။ Headphone Jack အပြင် Google Assistant Button ပါ ပါဝင်မယ်လို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ် LG K31 စမတ်ဖုန်းအနေနဲ့ စျေးသက်သာတယ်ဆိုပေမယ့် တခြားသော Chinese Budget ဖုန်းတွေနဲ့ ယှဥ်ပြိုင်ဖို့ကတော့ ခက်ခဲနေတယ်လို့ ပြောရမှာပါ။

Ref – GSM Arena