LG က K42 အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး အနောက်ဘက်က Wave Pattern တွေက ဒီဇိုင်း ဆန်းသစ်ပါတယ်။ မျက်နှာပြင် ရှည်တဲ့ ဒီဇိုင်း ဖြစ်တဲ့အတွက် ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရင် မိုက်ပါတယ်။

LG K42 ဟာ တခြား စမတ်ဖုန်းတွေထက် အကြမ်းခံပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဖုန်းဟာ MIL-STD-810G စံနှုန်းကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ အနောက်ဘက် ကာဗာမှာ ခြစ်ရာ မထင်စေတဲ့ UV Coating အုပ်ထားပြီး ၆.၆ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Helio P22 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage ပါလာပါတယ်။ Android 10 OS အခြေပြု LG UX ထည့်သွင်းထားပါတယ်။

ကင်မရာတွေ အကြောင်း ပြောရရင် အနောက်ဘက်မှာ 13MP Main , 5MP Superwide , 2MP Depth နဲ့ 2MP Macro ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါလာပါတယ်။ 4,000mAh ဘက်ထရီကလည်း မဆိုးပါဘူး။ Google Assistant ကို ဆင့်ခေါ်နိုင်တဲ့ ခလုတ် ၁ ခု တပ်ဆင်ထားပြီး ဘေးဘက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ အသံပိုင်းအတွက် 3D Sound Engine ထောက်ပံ့ထားတဲ့အတွက် သီချင်းချစ်သူတွေအတွက် မိုက်ပါတယ်။ နားကြပ်ပေါက်လည်း ပါလာပြီး WiFi , Bluetooth 5.0 , GPS , USB-C တွေ ထည့်ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 165 x 76.7 x 8.4mm ဖြစ်ပြီး ၁၈၂ ဂရမ် အလေးချိန်ရှိပါတယ်။  ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref : gizmochina