LG က နောက်နှစ်အစမှာ စီမံကိန်း ၂ ခုအတွက် အာရုံစိုက်ထားပြီး Rainbow နဲ့ B စီမံကိန်းတွေ ဖြစ်ပါတယ်။ Rainbow က စွမ်းဆောင်ရည်မြင့် V Series ဖြစ်ပြီး B ကတော့ Rollable မျက်နှာပြင် ပါတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

ဒါဟာ LG Explorer စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အဲဒီ စီမံကိန်းကနေ LG Wing ကို ချပြခဲ့ပြီးပါပြီ။ B စီမံကိန်းကနေ LG ဟာ ဒီဇိုင်း ဆန်းသစ်တဲ့ စမတ်ဖုန်းတွေကို ဖန်တီး ရောင်းချဖို့ ရည်ရွယ်ထားတာဖြစ်ပြီး Rollable မျက်နှာပြင်ရဲ့ တစ်စိတ်တစ်ပိုင်းကို မလိုအပ်ရင် ခေါက်လိပ် သိမ်းထားနိုင်သလို သုံးချင်ရင် ဆန့်ထုတ်လိုက်လို့ရပါတယ်။

LG က အဲဒီ ဖုန်းကို Wing မိတ်ဆက်ပွဲ အဆုံးမှာ Tease လုပ်ခဲ့ပြီး အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

Rainbow ကို ၂၀၂၁ ခုနှစ် ပထမ ကွာတားမှာ ကြေညာမှာ ဖြစ်ပြီး အဲဒီနောက် မတ်လမှာ B စီမံကိန်းက ဖုန်းကို ချပြမှာပါ။ ကိုရီးယား မီဒီယာ The Elec က LG ဟာ ဒီနှစ်မှာ စမတ်ဖုန်း အလုံးရေ ၂၆ သန်းလောက် ရောင်းချနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ နောက်နှစ်မှာတော့ သန်း ၃၀ အထိ တိုးတက်ဖို့ ရည်ရွယ်ထားပါတယ်။

LG က “ The Explorer စီမံကိန်းဟာ ဒီဇိုင်း ဆန်းသစ်တဲ့ စမတ်ဖုန်းတွေကို ဖန်တီးဖို့ ဖြစ်ပြီး Universal Line ကတော့ LG Velvet လို Consumer Lifestyle ကို အာရုံစိုက်ထားတဲ့ Device တွေကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gsmarena