LG က တောင်ကိုရီးယားမှာ စွမ်းရည်သင့် Q51 ကို ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ အရင်က ရောင်းချထားတဲ့ LG K50s နဲ့ ဒီဇိုင်း တော်တော် တူပြီး တောင်ကိုရီးယားမှာ LG Uplus , SK Telecom နဲ့ KT စတဲ့ Carriers ၃ ခုကနေပဲ ရောင်းချမှာ ဖြစ်ပါတယ်။

LG Q51 မှာ ၆.၅ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါလာပြီး 13MP Main , 5MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ ကင်မရာ ၃ လုံးကို LED Flash ၁ လုံးနဲ့ အားဖြည့်ထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

MediaTek Helio P22 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Storage တွေ ပါလာပါတယ်။ ဒီထက်ပိုပြီး ဒေတာတွေ သိမ်းချင်ရင်လည်း microSD Card စိုက်နိုင်ပါတယ်။ 4,000mAh ဘက်ထရီ ပါလာတဲ့အတွက် ဘက်ထရီ သက်တမ်းက ကောင်းမှာပါ။ ဒေတာ ပေးပို့တာနဲ့ အားသွင်းတာ မြန်တဲ့ USB Type-C Port ထည့်သွင်းထားပါတယ်။

Android 10 အခြေပြု LG UX 9 မောင်းနှင်ထားပြီး ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ Google Assistant ခလုတ် ၁ ခု ထည့်သွင်းထားပါတယ်။ NFC နဲ့ စတီရီယို စပီကာတွေ ပါလာပါတယ်။ Moonlight Titanium နဲ့ Frozen White အရောင်တွေ ထုတ်လုပ်ထားပြီး ကိုရီးယားဝမ် ၃၁၇,၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၇ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး တောင်ကိုရီးယားမှာ စတင် ရောင်းချပေးနေပါပြီ။

Ref : gsmarena