LG က တောင်ကိုရီးယားမှာ Q52 စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ LG Q51 ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး LG Q52 ဟာ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ MIL-STD-810G စံနှုန်း ရှိတဲ့အတွက် အကြမ်းခံပြီး အရွယ်အစား အပြည့်အစုံက 160 x 76.7 x 8.4mm ဖြစ်ပါတယ်။ ၆.၆ လက်မ IPS LCD Punch Hole မျက်နှာပြင် ထည့်ထားပြီး HD+ Resolution ရှိပါတယ်။

LG Q52

အရှေ့ဘက်မှာ 13MP ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Wide-angle , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါပါတယ်။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး Matte Finish က လက်ဗွေရာ မထင်ကျန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ 2.3GHz MediaTek Helio P35 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ထည့်ထားတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။

LG Q52 specifications and images leaked ahead of launch - Gizmochina

LG Q52 မှာ Android 10 OS မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ 4G, Dual SIM Support , WiFi , Bluetooth 5.0 , NFC , USB-C နဲ့ 3.5mm Audio Jack တွေ ထည့်သွင်းထားပါတယ်။

LG Q52 ကို တောင်ကိုရီးယားမှာ ၃၃၀,၀၀၀ ဝမ်နဲ့ ရောင်းပေးထားပြီး ၂၉၉ ဒေါ်လာလောက် ရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်း ၈ သောင်းလောက်ကျသင့်မှာပါ။ Silky White နဲ့ Silky Red ၂ ရောင် ထုတ်လုပ်ထားပြီး တောင်ကိုရီးယား ပြင်ပမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။

Ref : gizmochina