LG Q63 ကို အာဏာပိုင် အဖွဲ့အစည်း တော်တော်များများမှာ မှတ်ပုံတင်ထားပြီ ဖြစ်ပါတယ်။ အခုတော့ LG Q63 or LG Q83 ရဲ့ ပထမဆုံး CAD Render တွေ ထွက်ပေါ်လာပါတယ်။ လက်ရှိ Q Series စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့ ကွဲပြားနေပြီး ဒါဟာ ၂၀၂၁ ခုနှစ်မှာ စွမ်းရည်သင့် စမတ်ဖုန်းတွေအတွက် သုံးမယ့် LG ရဲ့ ဒီဇိုင်း ဖြစ်နိုင်ပါတယ်။

LG Q63 (or Q83) renders show a distinctive triangular camera bump

အနောက်ကင်မရာ ဒီဇိုင်းကို တြိဂံပုံ ဖန်တီထားတာက ထူးခြားပြီး ထောင့်ဘက်မှာ အရွယ်ကြီး Lens ၁ လုံးနဲ့ ဘေးဘက်မှာ အရွယ်သေး Lens ၂ လုံး တပ်ဆင်ထားပါတယ်။ LED Flash ဘေးဘက်မှာ အပို Sensor ၁ လုံး ထည့်သွင်းထားပါတယ်။ ကင်မရာ လုပ်ဆောင်ချက် အသေးစိတ်ကို မသိရသေးပါဘူး။

Q63 မှာ ၆.၅ လက်မ မျက်နှာပြင်ပြား တပ်ဆင်ထားမှာ ဖြစ်ပြီး အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားတဲ့အတွက် LCD မျက်နှာပြင်ပဲ ပါလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘေးဘက်လက်ဗွေရာ ကိရိယာ ပါတဲ့ OLED စမတ်ဖုန်းတွေလည်း ထုတ်လုပ်ထားကြပါတယ်။

USB-C Port ကို အောက်ခြေမှာ ထည့်သွင်းထားပြီး 3.5mm Headphone Jack နဲ့ စပီကာလည်း ပါပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 164.5 x 76.3 x 7.8 mm ဖြစ်ပါတယ်။

LG ဟာ မေလမှာ Q61 ကို ကြေညာခဲ့တာ ဖြစ်တဲ့အတွက် နောက်နှစ်ကျမှ Q63 ကို မိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena