ကိုရီးယားအခြေစိုက် LG ကုမ္ပဏီရဲ့ LG Q92 ဟာ 5G ဟန်းဆက်သစ် တစ်လုံးဖြစ်ပြီး LG Velvet 5G ရဲ့ စျေးပိုချိုတဲ့ ဗားရှင်း ဖြစ်မယ်လို့ ယူဆရပါတယ်။ ယနေ့မှာ ထွက်ရှိရက်မတိုင်သေးပေမယ့် သူ့ရဲ့ Specs အပြည့်အစုံ ထွက်ပေါ်လာခဲ့ပါပြီ။

ဖုန်းဒီဇိုင်းပိုင်းမှာတော့ Flat LCD Display ရဲ့ အလည်မှာ ဆဲလ်ဖီးကင်မရာအတွက် Punch-hole တစ်ခု ထည့်လာပြီး Bezel တွေကတော့ LG Velvet လို ချော့မွေ့ပါးလွှာမနေပါဘူး။ နောက်ဘက်ဒီဇိုင်းက ကင်မရာလေးလုံးကို ထူးထူးဆန်းဆန်း ပုံနဲ့ပဲ ထည့်သွင်းထားတဲ့ ပုံစံဖြစ်ပါတယ်။ LG Q92 ဟာ Ceramic White, Mirror Titanium နဲ့ Mirror Red ဆိုပြီး အရောင် သုံးမျိုးနဲ့ ထွက်လာမှာပါ။

LG Q92 ဟာ 6.7” အရွယ် FHD+ Display အသုံးပြုလာပြီး ဆဲလ်ဖီးကင်မရာက 32MP ဖြစ်ပါတယ်။ အတွင်းမှာ Snapdragon 765G ချစ်ပ်ဆက်က ပဲ့ကိုင်မှာဖြစ်ပြီး 6GB RAM / 128GB Storage တို့နဲ့ တွဲဖက်ထားပါတယ်။ နောက်ဘက် ကင်မရာလေးလုံးက 48MP + 8MP Ultrawide + 2MP Macro + 5MP Depth Sensor တို့ဖြစ်ပါတယ်။

LG Pay ထောက်ပံ့မှု ပါဝင်တယ်လို့ ဖော်ပြထားတာကြောင့် NFC ထောက်ပံ့ပေးနိုင်မှာ သေချာပြီး 4,000 mAh ဘက္ထရီမှာ Fast Charging တစ်ခုခု ပါမှာပါ။ သူ့မှာ စတီရီယို စပီကာတွေ ထည့်သွင်းထားပြီး AI Sound အမည်ရ Feature တစ်ခုလည်း ပါဝင်ပါတယ်။ Specs Leak ထဲမှာ မပါပေမယ့် ဒီဖုန်းဟာ Android 10 OS အသုံးပြုလာမှာပါ။

LG က ဒီဖုန်းအသစ်အတွက် မိတ်ဆက်ရက် မကြေညာသေးပေမယ့် အခုလထဲမှာပဲ ဖြစ်နိုင်ပါတယ်။ အရင်ဆုံး တောင်ကိုရီးယား စျေးကွက်မှာ ပွဲထုတ်ပြီးမှ နိုင်ငံတကာစျေးကွက်ကို လိုက်လာမယ့် ပုံပါပဲ။

Ref – GizmoChina