[Unicode]

LG ရဲ့ အရွယ်ကြီး OLED Display ကြောင့် အချိန်အကြာကြီး လေယာဉ်စီးတဲ့အခါ ပျင်းချိန်တောင်ရှိမှာ မဟုတ်ပါဘူး။ Display ကနေ အလန်းစား ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မှာပါ။ လာမယ့် ၁ ပတ်မှာ ကျင်းပမယ့် CES နည်းပညာ ပြပွဲ မတိုင်ခင်မှာ LG က လေယာဉ်တွေမှာ တပ်ဆင်သုံးနိုင်မယ့် အရွယ်ကြီး OLED Display ကို ပြသလိုက်ပါတယ်။ ၅၅ လက်မ အရွယ်အစား ရှိပြီး လေယာဉ်စီး ခရီးသည်တွေဟာ တိမ်တွေ၊ အရမ်းလှတဲ့ ကောင်းကင်ပြင်ကျယ်ကြီးနဲ့ အလန်းစား ရှုခင်းတွေကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

First Class စီးနိုင်ပြီး ရုပ်ထွက် ကောင်းကောင်း ဗီဒီယိုတွေ ကြည့်ချင်သူတွေအတွက်လည်း LG က ၆၅ လက် Ultra (UHD) Bendable OLED Display ကို ဖန်တီးပေးထားပါတယ်။ သင် ကြည့်ဖူးသမျှ TV တွေထက် ပိုလန်းမှာ သေချာပါတယ်။ LG က ဂိမ်း ကစားတာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်တွေ ကြည့်တာပဲ ဖြစ်ဖြစ် ကြည့်ရှုသူနဲ့ အဆင်အပြေဆုံး ဖြစ်အောင် Display ကို ချိန်ညှိနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် LG က First Class မှာ တပ်ဆင်နိုင်မယ့် ၅၅ လက်မ OLED Display ကိုပါ ပြသခဲ့ပါတယ်။ Display ဟာ ၄၀ ရာခိုင်နှုန်း ဖောက်ထွင်းမြင်ရပြီး ရုပ်ရှင်တွေ ကြည့်ရှုနိုင်သလို Display အနောက်က ရှုခင်းတွေကိုပါ ခံစားနိုင်မှာ ဖြစ်ပါတယ်။ LG ရဲ့ ခရီးသည်တင် လေယာဉ်တွေမှာ တပ်ဆင်နိုင်မယ့် Display နည်းပညာတွေက အလန်းစားပါ။ နည်းပညာ လန်းသလို လက်မှတ်ခကလည်း နည်းမှာ မဟုတ်ပါဘူး။

Ref : mashable

[Zawgyi]

LG က ေလယာဥ္ေတြမွာ တပ္ဆင္သံုးႏိုင္မယ့္ အရြယ္ႀကီး OLED Display ကို ျပသ

LG ရဲ႕ အရြယ္ႀကီး OLED Display ေၾကာင့္ အခ်ိန္အၾကာႀကီး ေလယာဥ္စီးတဲ့အခါ ပ်င္းခ်ိန္ေတာင္ရွိမွာ မဟုတ္ပါဘူး။ Display ကေန အလန္းစား ရႈခင္းေတြကို ၾကည့္ရႈခံစားႏိုင္မွာပါ။ လာမယ့္ ၁ ပတ္မွာ က်င္းပမယ့္ CES နည္းပညာ ျပပြဲ မတိုင္ခင္မွာ LG က ေလယာဥ္ေတြမွာ တပ္ဆင္သံုးႏိုင္မယ့္ အရြယ္ႀကီး OLED Display ကို ျပသလိုက္ပါတယ္။ ၅၅ လက္မ အရြယ္အစား ရွိၿပီး ေလယာဥ္စီး ခရီးသည္ေတြဟာ တိမ္ေတြ၊ အရမ္းလွတဲ့ ေကာင္းကင္ျပင္က်ယ္ႀကီးနဲ႔ အလန္းစား ရႈခင္းေတြကို ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။

First Class စီးႏုိင္ၿပီး ရုပ္ထြက္ ေကာင္းေကာင္း ဗီဒီယိုေတြ ၾကည့္ခ်င္သူေတြအတြက္လည္း LG က ၆၅ လက္ Ultra (UHD) Bendable OLED Display ကို ဖန္တီးေပးထားပါတယ္။ သင္ ၾကည့္ဖူးသမွ် TV ေတြထက္ ပိုလန္းမွာ ေသခ်ာပါတယ္။ LG က ဂိမ္း ကစားတာပဲ ျဖစ္ျဖစ္၊ ရုပ္ရွင္ေတြ ၾကည့္တာပဲ ျဖစ္ျဖစ္ ၾကည့္ရႈသူနဲ႔ အဆင္အေျပဆံုး ျဖစ္ေအာင္ Display ကို ခ်ိန္ညွိႏုိင္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ LG က First Class မွာ တပ္ဆင္ႏိုင္မယ့္ ၅၅ လက္မ OLED Display ကိုပါ ျပသခဲ့ပါတယ္။ Display ဟာ ၄၀ ရာခုိင္ႏႈန္း ေဖာက္ထြင္းျမင္ရၿပီး ရုပ္ရွင္ေတြ ၾကည့္ရႈႏုိင္သလို Display အေနာက္က ရႈခင္းေတြကိုပါ ခံစားႏိုင္မွာ ျဖစ္ပါတယ္။ LG ရဲ႕ ခရီးသည္တင္ ေလယာဥ္ေတြမွာ တပ္ဆင္ႏုိင္မယ့္ Display နည္းပညာေတြက အလန္းစားပါ။ နည္းပညာ လန္းသလို လက္မွတ္ခကလည္း နည္းမွာ မဟုတ္ပါဘူး။

Ref : mashable