[Unicode]

LG V60 ThinQ ဟာ လာမယ့် MWC 2020 မှာ ကြေညာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းချက်ပေးခံထားရတဲ့ ဟန်းဆက်ဖြစ်ပါတယ်။ The Korea Herald ကဖော်ပြတဲ့သတင်းအရ LG ဟာ V60 ThinQ 5G အပါအဝင် နောက်ထပ် 5G အမျိုးအစားသစ် တစ်မျိုးကိုလည်း မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။

အခုတော့ LG V60 ThinQ ရဲ့ ကျောဘက် Panel ရုပ်ပုံက ပေါက်ကြားထွက်ပေါ်လာခဲ့ပါပြီ။ ပေါက်ကြားရုပ်ပုံအရ LG V60 ThinQ ဟာ ကျောဘက်ကင်မရာလေးလုံးတပ်ဆင်ထားဖွယ်ရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ V60 ThinQ ရဲ့ ကျောဘက်ကင်မရာအကြောင်း သတင်းတွေကတော့ အများအပြားထွက်ပေါ်ခဲ့ပေမယ့် အခုထွက်ပေါ်လာတဲ့ ကျောဘက် Panel ရုပ်ပုံကပဲ အခိုင်မာဆုံးသတင်းလို့ဆိုရမှာပါ။

မကြာခင်ကမှ ထွက်ခဲ့တဲ့ LG G9 Renders မှာလည်း ကျောဘက်ကင်မရာလေးလုံးကို အလျားလိုက်စီတန်းတပ်ဆင်ထားတာ တွေ့မြင်ရပါတယ်။ ဒီတော့ V60 ThinQ မှာလည်း ကင်မရာလေးလုံး တပ်ဆင်ထားမယ်ဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်။ LG အနေနဲ့ 2020 flagships တွေအားလုံးကို ကျောဘက်ကင်မရာ လေးလုံးဒီဇိုင်းနဲ့ပဲထုတ်ဖို့ သတ်မှတ်ထားလိုက်ပြီလို့ ယူဆရပါတယ်။

LG V60 ThinQ နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒီ Flagship ဟန်းဆက်ဟာ Qualcomm 5G modem နဲ့ Snapdragon 865 chipset ကိုပဲ အသုံးပြုလာဖွယ် ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် V60 ThinQ နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုတွေ စတင်လာပြီဖြစ်တာကြောင့် သိပ်မကြာခင် နောက်ထပ်သတင်းတွေလည်း ထပ်ပြီးထွက်လာတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

ေပါက္ၾကားလာတဲ့ LG V60 ThinQ ေက်ာဘက္ Panel က ကင္မရာေလးလုံးတပ္ဆင္ထားႏိုင္ေၾကာင္း ျပသ

LG V60 ThinQ ဟာ လာမယ့္ MWC 2020 မွာ ေၾကညာႏိုင္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းခ်က္ေပးခံထားရတဲ့ ဟန္းဆက္ျဖစ္ပါတယ္။ The Korea Herald ကေဖာ္ျပတဲ့သတင္းအရ LG ဟာ V60 ThinQ 5G အပါအဝင္ ေနာက္ထပ္ 5G အမ်ိဳးအစားသစ္ တစ္မ်ိဳးကိုလည္း မိတ္ဆက္သြားဦးမယ္လို႔ သိရပါတယ္။

အခုေတာ့ LG V60 ThinQ ရဲ႕ ေက်ာဘက္ Panel ႐ုပ္ပုံက ေပါက္ၾကားထြက္ေပၚလာခဲ့ပါၿပီ။ ေပါက္ၾကား႐ုပ္ပုံအရ LG V60 ThinQ ဟာ ေက်ာဘက္ကင္မရာေလးလုံးတပ္ဆင္ထားဖြယ္ရွိတယ္လို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ V60 ThinQ ရဲ႕ ေက်ာဘက္ကင္မရာအေၾကာင္း သတင္းေတြကေတာ့ အမ်ားအျပားထြက္ေပၚခဲ့ေပမယ့္ အခုထြက္ေပၚလာတဲ့ ေက်ာဘက္ Panel ႐ုပ္ပုံကပဲ အခိုင္မာဆုံးသတင္းလို႔ဆိုရမွာပါ။

မၾကာခင္ကမွ ထြက္ခဲ့တဲ့ LG G9 Renders မွာလည္း ေက်ာဘက္ကင္မရာေလးလုံးကို အလ်ားလိုက္စီတန္းတပ္ဆင္ထားတာ ေတြ႕ျမင္ရပါတယ္။ ဒီေတာ့ V60 ThinQ မွာလည္း ကင္မရာေလးလုံး တပ္ဆင္ထားမယ္ဆိုတာ ျဖစ္ႏိုင္ေျခရွိပါတယ္။ LG အေနနဲ႔ 2020 flagships ေတြအားလုံးကို ေက်ာဘက္ကင္မရာ ေလးလုံးဒီဇိုင္းနဲ႔ပဲထုတ္ဖို႔ သတ္မွတ္ထားလိုက္ၿပီလို႔ ယူဆရပါတယ္။

LG V60 ThinQ နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ဒီ Flagship ဟန္းဆက္ဟာ Qualcomm 5G modem နဲ႔ Snapdragon 865 chipset ကိုပဲ အသုံးျပဳလာဖြယ္ ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ V60 ThinQ နဲ႔ပတ္သက္တဲ့ ေပါက္ၾကားမႈေတြ စတင္လာၿပီျဖစ္တာေၾကာင့္ သိပ္မၾကာခင္ ေနာက္ထပ္သတင္းေတြလည္း ထပ္ၿပီးထြက္လာေတာ့မွာ ျဖစ္ပါတယ္။

Ref: GSM Arena