ကမ္ဘာမှာ စမတ်ဖုန်းသုံးစွဲသူ ပိုမိုများပြားလာတဲ့နောက် ဈေးကွက်ရဲ့ တောင်းဆိုချက်တွေကလည်း ပိုပြီးများပြားလာပါတယ်။ အထူးသဖြင့် အရည်အသွေးနဲ့ဈေးနှုန်းပိုပြီးအချိုးညီတဲ့ ထုတ်ကုန်မျိုးကို တောင်းဆိုလာကြတာ ဖြစ်ပါတယ်။ LG ကလည်း ပြောင်းလဲလာတဲ့ စမတ်ဖုန်းဈေးကွက်ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းဖို့အတွက် သူတို့ရဲ့ မဟာဗျူဟာကို ပြင်ဆင်နေတာကို တွေ့နိုင်ပါတယ်။

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ ဘက်ဂျက်ဗဟိုပြု အမျိုးအစားတွေအတွက် W စီးရီးလိုင်းကို သီးသန့်ခွဲထုတ်ထားပြီး အခုလည်း ဒီ W စီးရီးထဲမှာ နောက်ထပ် မိသားစုဝင်အဖြစ် LG W11 ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ LG W11 ဟာ Google Play Console ပေါ်မှာလည်း တွေ့မြင်လာရပြီဖြစ်တာကြောင့် တရားဝင်မိတ်ဆက်ဖို့ သိပ်မလိုတော့ဘူးလို့ ဆိုနိုင်ပါတယ်။

Helio P22 chipset နဲ့ ဒီ ဟန်းဆက်ကို မော်ဒယ်နံပါတ် Neo11LM နဲ့ တွေ့မြင်ရပါတယ်။ ဟန်းဆက်ဟာ HD+ မျက်နှာပြင်နဲ့ဖြစ်ပြီး 1600 x 720 pixels resolution ရှိပါတယ်။ မျက်နှာပြင်အချိုးအစားကတော့ 20:9 ဖြစ်ပါတယ်။ တွေ့မြင်ရတဲ့တစ်ခုတည်းသောပုံရိပ်အရ မျက်နှာပြင်မှာ Waterdrop notch နဲ့အတူ Selfie ကင်မရာတစ်လုံးကို တပ်ဆင်ထားကြောင်း သိနိုင်ပါတယ်။

အခုမြင်တွေ့ရသလောက်တော့ LG W11 ဟာ 3GB of RAM နဲ့ဖြစ်ပြီး Android 10 မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။ Google Play Support မှာ အလားတူ Device ကို မော်ဒယ်နံပါတ် LG-K310IM နဲ့လည်း တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက FCC မှာမြင်တွေ့ခဲ့ရတာကတော့ 3,900 mAh ပမာဏ ဘက်ထရီနဲ့ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်ရက်ပိုင်းအတွင်းမှာ LG W11 ရဲ့ နောက်ထပ်အချက်အလက်တွေ ထွက်ပေါ်ဦးမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena