LG က Wing အတွက် Software Update ကို ဖြန့်ချိလိုက်ရင်းနဲ့ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ Update မှာ User Experience ပိုကောင်းလာပြီး App တွေကို မျက်နှာပြင် ၂ ခုအကြား ပြောင်းရွှေ့ရတာ လွယ်ကူလာပါတယ်။ ဒီလို ပြောင်းရွှေ့ဖို့အတွက် လက် ၃ ချောင်းနဲ့ ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။

LG WING REPRESENTS A NEW DEFINITION OF USABILITY NEVER SEEN BEFORE IN A SMARTPHONE | LG NEWSROOM

ဒါ့အပြင် App , Widget နဲ့ Folder နာမည်တွေကို ဒုတိယ Home Screen မှာ ပြသပေးလာနိုင်ပါပြီ။ ကင်မရာ App  ကနေ  QR Codes တွေကို Scan လုပ်လို့ရလာပြီး Setup Wizard မှာ WiFi Menu ကို ကျော်သွားရင် စကရင် အသစ် ၁ ခုကို ပြသပေးနိုင်လာပါတယ်။ 5G Icon ဟာ အညိုအစား အဖြူရောင် ဖြစ်သွားပြီး Wallpaper Selection တွေ ပိုများလာပါတယ်။ ဒုတိယ မျက်နှာပြင်မှာ Media Controls တွေကို ပြသပေးနိုင်လာပါတယ်။

LG Wing 5G - Full Specification, price, review, comparison

LG Wing ရဲ့ Update Version ဟာ F100VM10d ဖြစ်ပြီး Verizon LG Wing အလုံးတွေအတွက် ဖြစ်ပါတယ်။ အထက်ပါ Changelog ဟာ Verizon က ထုတ်ပေးထားတာ ဖြစ်ပြီး Update တင်ပြီးရင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွက် Security Patch ကိုပါ ရရှိမှာပါ။

LG က အဲဒီ Update ကို တစ်ကမ္ဘာလုံးအတွက် အဆင့်လိုက် ဖြန့်ချိပေးနေတယ်လို့ ထင်ရပြီး သင့်မှာ မရသေးရင် ခဏစောင့်ပေးပါ။ Verizon က အလုံးတွေအတွက် အစောဆုံး ဖြန့်ချိပေးလိုက်တာတော့ သေချာပြီး မကြာခင်မှာ တခြား User တွေမှာ ရကြမှာပါ။ တစ်ကမ္ဘာလုံးက Unlocked အလုံးတွေအတွက်ပါ မကြာခင် ရနိုင်ပါတယ်။

Ref : gsmarena