[Unicode]

ပြီးခဲ့တဲ့နှစ် CES မှာ လူတွေကို အံ့အားသင့်စေခဲ့တာက LG ရဲ့ စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ တီဗီကို ဒီနှစ်ထဲ ရောင်းမယ်လို့ ကြေညာလိုက်ပြီး ဒေါ်လာ ၆၀,၀၀၀ လောက် ကျသင့်နိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၈၈၀ လောက်ရှိပါတယ်။ CNET ရဲ့ သတင်းအရ အဲဒီ ၆၅ လက်မ 4K OLED တီဗီကို ၂၀၂၀ ခုနှစ်ရဲ့ ဒုတိယ ဒါမှမဟုတ် တတိယ ကွာတားမှာ ရောင်းဖို့ ရည်ရွယ်ထားတယ်လို့ သိရပြီး ဒီနှစ် ဧပြီလနဲ့ စက်တင်ဘာလကြားမှာ ဖြစ်ပါတယ်။

LG က အမေရိကန်မှာ ရောင်းမယ့် ဈေးကို မတွက်ချက်ရသေးဘူးလို့ သတင်းထွက်နေပြီး ကုမ္ပဏီကတော့ ဒီသတင်းအပေါ် ဘာမှ မပြောသေးပါဘူး။ LG ရဲ့ နေအိမ် ဖျော်ဖြေရေး ဈေးကွက် အကြီးအကဲ ဖြစ်သူ J.S. Lee က ဒေါ်လာ ၆၀,၀၀၀ ဈေးကို CNET အား ပြောပြခဲ့ဖူးပါတယ်။ အဲဒီ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချဖို့ မူလက စီစဉ်ခဲ့တာပါ။

LG ရဲ့ ရိုးရိုး ၆၅ လက်မ 4K OLED တီဗီတွေကို ဒေါ်လာ ၂,၅၀၀ လောက်နဲ့ပဲ ရောင်းပေးထားတဲ့အတွက် စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီရဲ့ ဈေးက အရမ်းမြောက်နေတာပါ။ ဈေးမြောက်သလို နည်းပညာကလည်း လန်းပါတယ်။ တီဗီ မကြည့်တဲ့ အချိန်မှာ သင် အမိန့်ပေးလိုက်တာနဲ့ မျက်နှာပြင်က အောက်ဘက်ကို ဆင်းသွားပြီး သေတ္တာထဲမှာ စက္ကူလို ခေါက်လိပ် သိမ်းပေးထားမှာပါ။

ခေါက်လိပ်နိုင်တဲ့ မျက်နှာပြင် ဖြစ်ပေမယ့် ရုပ်ထွက် အရည်အသွေး မကျဘူးလို့ သိရပါတယ်။ CNET က အကြိမ်ပေါင်း ၅၀,၀၀၀ ခေါက်လိပ် စမ်းသပ်ပြီးပြီ ဖြစ်ပြီး ထိခိုက်တာ မရှိဘူးလို့ ပြောပါတယ်။ ၁ နေ ့ကို အထုတ်၊ အသွင်း ၁ ခါလုပ်ရင် ၆၈ နှစ်လောက်အထိ အသုံးခံတဲ့ သဘောပါ။

Ref : theverge

[Zawgyi]

LG ရဲ႕ စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ဒီႏွစ္ထဲ ေရာင္းမည္

ၿပီးခဲ့တဲ့ႏွစ္ CES မွာ လူေတြကို အံ့အားသင့္ေစခဲ့တာက LG ရဲ႕ စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီ ျဖစ္ပါတယ္။ အခုေတာ့ ကုမၸဏီက အဲဒီ တီဗီကို ဒီႏွစ္ထဲ ေရာင္းမယ္လို႔ ေၾကညာလိုက္ၿပီး ေဒၚလာ ၆၀,၀၀၀ ေလာက္ က်သင့္ႏိုင္ပါတယ္။ ျမန္မာေငြနဲ႔တြက္ရင္ သိန္း ၈၈၀ ေလာက္႐ွိပါတယ္။ CNET ရဲ႕ သတင္းအရ အဲဒီ ၆၅ လက္မ 4K OLED တီဗီကို ၂၀၂၀ ခုႏွစ္ရဲ႕ ဒုတိယ ဒါမွမဟုတ္ တတိယ ကြာတားမွာ ေရာင္းဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရၿပီး ဒီႏွစ္ ဧၿပီလနဲ႔ စက္တင္ဘာလၾကားမွာ ျဖစ္ပါတယ္။

LG က အေမရိကန္မွာ ေရာင္းမယ့္ ေဈးကို မတြက္ခ်က္ရေသးဘူးလို႔ သတင္းထြက္ေနၿပီး ကုမၸဏီကေတာ့ ဒီသတင္းအေပၚ ဘာမွ မေျပာေသးပါဘူး။ LG ရဲ႕ ေနအိမ္ ေဖ်ာ္ေျဖေရး ေဈးကြက္ အႀကီးအကဲ ျဖစ္သူ J.S. Lee က ေဒၚလာ ၆၀,၀၀၀ ေဈးကို CNET အား ေျပာျပခဲ့ဖူးပါတယ္။ အဲဒီ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ဖို႔ မူလက စီစဥ္ခဲ့တာပါ။

LG ရဲ႕ ႐ိုး႐ိုး ၆၅ လက္မ 4K OLED တီဗီေတြကို ေဒၚလာ ၂,၅၀၀ ေလာက္နဲ႔ပဲ ေရာင္းေပးထားတဲ့အတြက္ စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီရဲ႕ ေဈးက အရမ္းေျမာက္ေနတာပါ။ ေဈးေျမာက္သလို နည္းပညာကလည္း လန္းပါတယ္။ တီဗီ မၾကည့္တဲ့ အခ်ိန္မွာ သင္ အမိန္႔ေပးလိုက္တာနဲ႔ မ်က္ႏွာျပင္က ေအာက္ဘက္ကို ဆင္းသြားၿပီး ေသတၱာထဲမွာ စကၠဴလို ေခါက္လိပ္ သိမ္းေပးထားမွာပါ။

ေခါက္လိပ္ႏိုင္တဲ့ မ်က္ႏွာျပင္ ျဖစ္ေပမယ့္ ႐ုပ္ထြက္ အရည္အေသြး မက်ဘူးလို႔ သိရပါတယ္။ CNET က အႀကိမ္ေပါင္း ၅၀,၀၀၀ ေခါက္လိပ္ စမ္းသပ္ၿပီးၿပီ ျဖစ္ၿပီး ထိခိုက္တာ မ႐ွိဘူးလို႔ ေျပာပါတယ္။ ၁ ေန ့ကို အထုတ္၊ အသြင္း ၁ ခါလုပ္ရင္ ၆၈ ႏွစ္ေလာက္အထိ အသုံးခံတဲ့ သေဘာပါ။

Ref : theverge