LG ဟာ ဒီဇိုင်း ဆန်းသစ်တဲ့ စမတ်ဖုန်းတွေနဲ့ ပြန်လည် အောင်မြင်အောင် ကြိုးစားနေပါတယ်။ မကြာခင်ကပဲ မျက်နှာပြင် ၂ ခု ပါတဲ့ LG Wing ကို ကြေညာခဲ့ပြီး အခုလည်း Rollable OLED မျက်နှာပြင် ပါတဲ့ စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ LG Rollable စမတ်ဖုန်းကို နောက်နှစ်ကျမှ ကြေညာနိုင်ပြီး LG က Wing မိတ်ဆက်ပွဲ ပြီးခါနီးမှာ အဲဒီ ဖုန်းအကြောင်း အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။ အဲဒီ ဖုန်းကို မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

LG's rollable smartphone could be called LG Rollable

LG ဟာ အဲဒီ စမတ်ဖုန်းကို နာမည် ဘယ်လိုပေးထားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခုတော့ အဲဒီ ဖုန်းကို EUIPO (European Union Intellectual Property Office) မှာ LG Rollable နာမည်နဲ့ မှတ်ပုံတင်ထားပါတယ်။

LG's rollable smartphone could be called LG Rollable

အရင်ကတော့ မြူးနစ်ကနေ ထွက်လာတဲ့ သတင်းအရ အဲဒီ စမတ်ဖုန်းအတွက် ရွေးချယ်ထားတဲ့ နာမည်တွေကို သိခဲ့ရပါတယ်။ အဲဒီ နာမည်တွေကတော့ LG The Roll, LG Double Roll, LG Dual Roll, LG Bi-Roll နဲ့ LG Roll Canvas တို့ ဖြစ်ပြီး အားလုံးထဲမှာ LG Rollable က အလှဆုံး နာမည်လို့ ထင်ပါတယ်။

EUIPO (European Union Intellectual Property Office) မှာ အဲဒါဟာ စမတ်ဖုန်း ၁ လုံးလို့ အတည်ပြုထားပြီး ဒစ်ဂျစ်တယ် ဘောပင် ပါလာနိုင်ပါတယ်။ အထက် ဖော်ပြပါ ဓါတ်ပုံက ပေါက်ကြားလာတဲ့ ဓါတ်ပုံ အစစ်အမှန်တွေ မဟုတ်ပါဘူး။ Let’s Go Digital က ဖုန်း ဒီဇိုင်းကို ခန့်မှန်း ရေးဆွဲထားတာ ဖြစ်ပါတယ်။

Ref : gsmarena