တရုတ်ရဲ့ လျှပ်စစ်ကား ဈေးကွက်ဟာ အားကောင်းနေပြီး တရုတ် ကုမ္ပဏီ Li Auto က ဈေးကွက်ကို ဦးဆောင်နေပါတယ်။ အမေရိကန်က Tesla ထက်တောင် Li Auto က တရုတ်မှာ ရောင်းအားပိုကောင်းနေပါတယ်။

Li Auto က စက်တင်ဘာလမှာ  လျှပ်စစ်ကား အစီးရေ ၃၆,၀၆၀ စီး စံချိန်တင် ရောင်းချိနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ အရင်လကထက် ၃.၃ ရာခိုင်နှုန်း တိုးတက်လာပြီး အရင်နှစ်ကထက် ၂၁၂.၇ ရာခိုင်နှုန်း ပိုများလာတာပါ။

Li Auto Electric

တရုတ် လူမျိုးတွေဟာ လျှော့ဈေးတွေပေးတဲ့ တရုတ် ပြည်တွင်းဖြစ် Li Auto နဲ့ BYD တို့ကို ပိုမို သဘောကျလာကြပါတယ်။ Li Auto ဟာ တရုတ်မှာ အောင်မြင်နေပြီး ကွာတား ၃ မှာ အစီးရေ ၁၀၅,၁၀၈ စီး ရောင်းချနိုင်ခဲ့ကာ အရင်နှစ်ကထက် ၂၉၆.၃ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

ကားရောင်းအားတင်မကဘဲ တီထွင်ဆန်းသစ်မှုနဲ့ အခြေခံ အဆောက်အဦးကလည်း အရေးကြီးပါတယ်။ Li Auto ဟာ ပြီးခဲ့တဲ့လက Over-the-air Software Update ကို ဖြန့်ချိပေးခဲ့ပြီး Li L Series တွေရဲ့ User Experience ပိုကောင်းလာပါတယ်။ ကုမ္ပဏီဟာ နိုင်ငံအဝန်းမှာ မြန်နှုန်းမြင့် အားသွင်း စတေရှင် ၁၀၀ ကျော်ကို တည်ဆောက်ထားပါတယ်။

Li Auto, XPeng, and NIO Stocks Soared. EV Deliveries Aren't Why. | Barron's

တရုတ် အစိုးရဟာ ရေရှည်တည်တန့်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို တွန်းအားပေးနေပြီး Li Auto ဟာ အဲဒီဈေးကွက်ကို ဦးဆောင်ထားနိုင်ပါတယ်။ ကုမ္ပဏီဟာ ဖောက်သည်တွေအတွက် တီထွင်ဆန်းသစ်မှုနဲ့ ယုံကြည်စိတ်ချရမှု ၂ ခုစလုံးကို ပံ့ပိုးပေးထားပါတယ်။

Ref : gizmochina