Lindsay Lohan ဟာ ဓါတ်ပုံ ၁ ပုံကို NFT အဖြစ် လေလံတင် ရောင်းချခဲ့ပါတယ်။ သူမဟာ ခွေးပုံ Avatar NFT(Non-fungible token) တွေကို ရောင်းချတဲ့ အွန်လိုင်း Community ၁ ခု ဖြစ်တဲ့ Canine Cartel အတွက် လေလံပွဲ ၁ ခုကို ပူးပေါင်းပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

သူမက “ ကျွန်မဟာ Cartel ရဲ့ တရားဝင် သူငယ်ချင်း ဖြစ်သွားပါပြီ။ ကျွန်မတို့ ပူးပေါင်း ရောင်းချတဲ့ ပထမဆုံး NFT ဖြစ်ပြီး သင် ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေး ရသွားပါပြီ။ လေလံပွဲကို ၇၂ နာရီကြာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကံကောင်းကြပါစေ။ “ လို့ တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။

Lindsay Lohan NFT

သူမ လေလံတင် ရောင်းချတဲ့ ပုံဟာ ခွေးမလေး မျက်နှာပါပြီး ကျန်တဲ့ အစိတ်အပိုင်းတွေဟာ လူနဲ့တူပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့မှာ လေလံပွဲပြီးဆုံး သွားပြီ ဖြစ်ပြီး လေလံအောင်သွားတဲ့ လူကို‌တော့ မသိရသေးပါဘူး။ လေလံတန်ဖိုးကို .5 Ethereum နဲ့ စတင်ခဲ့ပြီး ဒေါ်လာ ၁၅၀၀ လောက် တန်ကြေးရှိပါတယ်။ လေလံအောင်မြင်သွားတဲ့ ငွေပမာဏကိုလည်း မသိရသေးပါဘူး။

Lohan ဟာ NFT ရောင်းချတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ရုပ်ရှင် သရုပ်ဆောင်နဲ့ အဆိုတော် ဖြစ်သူ Lohan ဟာ Lullaby အမည်ရ သီချင်း အသစ် ၁ ပုဒ်ကိုလည်း NFT အနေနဲ့ မတ်လက ရောင်းချခဲ့ဖူးပါတယ်။

Ref : nme.com