Huawei ဟာ Android 10 အခြေပြု EMUI 10 Update ကို Devices အများအပြားအတွက် ဆက်တိုက် Update လုပ်ပေးလာပြီးတော့ အခုဖေဖော်ဝါရီလအတွင်းမှာလည်း EMUI 10 Update ရရှိမယ့် Huawei Device တွေရှိနေပါတယ်။

Huawei EMUI 10 ဟာဆိုရင် System Performance ပိုင်းကို ပိုပြီးတိုးတက်လာစေတဲ့ Optimization အသစ်တွေပါလာပါတယ်။ ဒါ့အပြင် Device တွေရဲ့ User Interface နဲ့ Feature ပိုင်းတိုးတက်မှုအများအပြားတွေကို ထည့်သွင်းထားပြီး လက်ရှိ Huawei ရဲ့ အကောင်းဆုံး UI လို့တောင် ပြောနိုင်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလအတွင်းမှာတော့ Huawei P20 Series စမတ်ဖုန်းတွေအကုန်လုံး EMUI 10 ကို Update ပြုလုပ်နိုင်မှာဖြစ်သလို Huawei Mate 10 Series ၊ Huawei Nova 4 ၊ Nova 4e ၊ Nova Lite 3 ၊ Nova 5T နဲ့ P Smart 2019 လိုမျိုး စမတ်ဖုန်းတွေပါ Update ရရှိမှာဖြစ်ပါတယ်။

ဒီလိုမျိုး EMUI 10 ကို Update ပြုလုပ်မယ်ဆိုရင်တော့ Settings – System – Software Update ကနေ ပြုလုပ်နိုင်မှာဖြစ်သလို ယခင် HiCare လို့ ခေါ်ဆိုတဲ့ Support App ကနေ တစ်ဆင့်လည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလနောက်ပိုင်းမှာလည်း အောက်ပါစမတ်ဖုန်းတွေကို Huawei ကနေ EMUI 10 Update ထုတ်ပေးသွားဦးမယ်လို့ သိရပါတယ်။

Ref – Giz China