စက်တင်ဘာလ ၁ ရက်နေ့မှာ realme X7 Series တွေ ကြေညာမှာကို စာဖတ်သူတွေ သိကြမှာပါ။ realme X7 , X7 Pro နဲ့ အထူးထုတ် ဗားရှင်း ဆိုပြီး ၃ မျိုး ထွက်လာနိုင်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ realme X7 Pro ရဲ့ ဘူးခွံ ဓါတ်ပုံနဲ့ Specs တချို့  ပေါက်ကြားလာပါတယ်။ တရုတ် စတိုး ၁ ခုကနေ ထွက်လာတာ ဖြစ်ပြီး ဈေးနှုန်းကိုပါ သိလာရပါပြီ။

ဈေးနှုန်း အကြောင်း ပြောရရင် ယွမ် ၂၂,၉၉ ရှိပြီး ၄ သိန်း ၅ သောင်းလောက် ကျသင့်မှာပါ။ မတူတဲ့ မန်မိုရီ ဗားရှင်းတွေနဲ့ ဈေးနှုန်းတွေလည်း ထွက်လာနိုင်ပါတယ်။

ပေါက်ကြား Specs တွေအရ realme X7 Pro မှာ 5G ဆက်သွယ်မှု ပါတဲ့  Dimensity 1000+ Chipset မောင်းနှင်ထားနိုင်ပြီး 6GB RAM နဲ့ 128GB Storage တွေ ပါလာနိုင်ပါတယ်။ ၆.၅၅ လက်မ 120Hz OLED မျက်နှာပြင်က အဲဒီ စမတ်ဖုန်းရဲ့ အလန်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။

ကင်မရာ အပိုင်းမှာ 64MP Sony IMX686 Main နဲ့ 8MP အပို ကင်မရာ ထည့်သွင်းထားနိုင်ပြီး 65W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ အလေးချိန်က ၁၈၄ ဂရမ် ဖြစ်ပြီး ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားနိုင်ပါတယ်။

Ref : gsmarena