လ ပေါ်မှာ သင့်ဖုန်း ဘက်ထရီကုန်သွားရင် အားသွင်းလို့ မရပါဘူး။ ဒါပေမယ့် Honeybee Robotics က  လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနိုင်တဲ့ လစ်ဘာတီ ရုပ်တု အရွယ်အစားရှိ တာဝါတိုင် ကွန်ရက် ၁ ခုကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အဲဒီတာဝါတိုင်တွေမှာ Solar Panel နဲ့ ဘက်ထရီတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး လျှပ်စစ် ဓါတ်အား ထုတ်လုပ်ပေးနိုင်သလို လမ်းမီးတိုင်လို အသုံးပြုနိုင်မှာပါ။

LUNARSABER: Statue of Liberty-sized streetlights form Moon power grid

လူသားတွေ လ ပေါ်ကို မရောက်တာ နှစ်ပေါင်း ၅၀ ကျော်သွားပါပြီ။ ဒါပေမယ့် နာဆာ က လူသားတွေကို လကို ပြန်လည် စေလွှတ်ဖို့ စီစဉ်နေပါတယ်။ လူသားတွေ လမှာ အခြေချနိုင်ဖို့ အခြေခံအဆောက်အဦး တချို့လိုအပ်ပါတယ်။ Nokia က ဆက်သွယ်ရေးအတွက် 4G ကွန်ရက် တည်ဆောက်ဖို့ ကြိုးစားနေပြီး Northrop Grumman က အာကာသယာဉ်မှူးနဲ့ ပစ္စည်းကိရိယာတွေကို သယ်ယူပို့ဆောင်ပေးဖို့အတွက် ရထားလမ်းဖောက်ဖို့ စီစဉ်နေပါတယ်။

Honeybee Robotics က LUNARSABER လို့ အမည်ပေးထားတဲ့ အထက်ဖော်ပြပါ တာဝါတိုင်တွေကို တည်ဆောက်မှာ ဖြစ်ပါတယ်။ တာဝါတိုင် အမြင့်ဟာ ၁၀၀ မီတာ (၃၂၈ ပေ) ရှိမှာ ဖြစ်ပြီး တာဝါတိုင်တစ်ခုစီမှာ Solar Panel ၊ ဘက်ထရီ၊ ကြိုးမဲ့ လျှပ်စစ်ဓါတ်အား ပို့လွှတ်ပေးတဲ့ ကိရိယာနဲ့ လမ်းမီးတွေ ထည့်သွင်းထားမှာပါ။ Solar Panel တွေဟာ နေမှ အလင်းရောင်ကို ဖမ်းယူကာ လျှပ်စစ်ဓါတ်အားကို ၂ ပတ်ကြာအထိ သိုလှောင်ထားနိုင်ပါတယ်။

ဒါဟာ ခေတ်ရှေ့ပြေးတဲ့ နည်းပညာ ဖြစ်ပြီး တာဝါတိုင်တွေကို လမှာ တည်ဆောက်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ နာဆာ ရဲ့ မူလ အစီအစဉ်ဟာ လူသားတွေကို ဒီနှစ်ထဲမှာ လကို ပို့ဆောင်ဖို့ ဖြစ်ပေမယ့် အခုတော့ ၂၀၂၆ ခုနှစ်ကျမှ ပို့ဆောင်ဖို့ ရွှေ့ဆိုင်းထားပါတယ်။

Ref : newatlas