လက်ရှိ Apple ကနေ ထုတ်လုပ်နေတဲ့ iPhone နဲ့ iPad တွေမှာ 3D Face ID Feature ကို အသုံးပြုနေပြီဖြစ်ပါတယ်။ အဆိုပါ Face ID စနစ်ဟာ ပြီးခဲ့တဲ့ iPhone X မှာ စတင်ပါဝင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အလုံခြုံဆုံးသော Face Unlocking စနစ်တစ်လို့ ပြောနိုင်ပါတယ်။

အခုအချိန်မှာတော့ Apple ကနေ အဆိုပါ Face ID စနစ်ကို လာမယ့် MacBook ကွန်ပျူတာတွေမှာပါ ထည့်သွင်းသွားဖို့ စီစဥ်နေတယ်လို့ သတင်းထွက်ပေါ်လာပါပြီ။ ဒါကိုတော့ 9to5Mac ကနေ macOS Big Sur Update ကနေတစ်ဆင့်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

macOS Big Sur Beta 3 Update မှာ “PearlCamera” လို့အမည်ရတဲ့ Codename တစ်ခုပါဝင်လာပြီဖြစ်ပြီး အဆိုပါ Codename ဟာ Apple ရဲ့ TrueDepth နဲ့ Face ID Camera Setup အတွက် အသုံးပြုတဲ့ Codename ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ “FaeDetect” နဲ့ “BioCapture” လိုမျိုး Code တွေကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်တွေ့ရှိရသလောက်ကတော့ Face ID ကို macOS Big Sur မှာထည့်သွင်းထားတာက အစောပိုင်းအဆင့်ပဲရှိနေသေးတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Face ID ပါဝင်တဲ့ MacBook အသစ်တွေကို မြင်တွေ့ရဖို့ကတော့ အချိန်အနည်းငယ်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ MacBook တွေမှာ Touch ID ကတစင့် T2 Security Chip ကိုအသုံးပြုပြီးတော့ Fingerprint Sensor နည်းပညာကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ လက်ရှိ MacBook တွေမှာပါဝင်တဲ့ Webcam Quality ကလည်း ဝေဖန်ခံနေရတဲ့အတွက် အခုလိုမျိုး Face ID ကိုပြောင်းလဲတဲ့အချိန်ကြရင် Facetime Webcam Camera ကိုလည်း အဆင့်မြှင့်လာဖွယ်ရှိနေပါတယ်။

Ref – 9to5Mac