Microsoft ဟာ လက်ရှိအချိန်မှာ Windows 11 ကို တရားဝင် Stable Version အနေနဲ့ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဆိုပါ Windows 11 ဟာဆိုရင် ယခင် Windows 10 OS ထက် Design ပိုင်းတွေအပြင် Feature ပိုင်းတွေမှာပါ အများအပြားအဆင့်မြှင့်တင်ထားတာလည်းဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Microsoft ဟာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ကြီးမားတဲ့ Feature အသစ်တွေပါဝင်လာမယ့် Windows Update အသစ်ကို ထုတ်ပြသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒါဟာ Microsoft ကနေ ကြေညာထားတဲ့ 3-Year OS Update Cycle အတိုင်းဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိ Windows 11 မှာ ပါဝင်တဲ့ Feature တွေထက် အများအပြား ပိုပါဝင်လာမယ်လို့ ယူဆရပါတယ်။

အဆိုပါသတင်းကို Windows Central ကနေ ဖော်ပြသွားခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ မိတ်ဆက်သွားမယ့် Windows OS Update အသစ်ဟာ Windows 12 အနေနဲ့ လုံးဝ အသစ်မိတ်ဆက်လာနိုင်ခြေများနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း Microsoft အနေနဲ့ Windows 12 ဆိုတဲ့ နာမည်အစား Windows 11 အနေနဲ့ပဲ Major Update ပြုလုပ်နိုင်ခြေလည်းရှိနေပါတယ်။

လက်ရှိအချိန်မှာ Windows 11 ဟာလည်း Stable ဖြစ်တဲ့အခြေအနေတစ်ခုကို ရောက်ရှိနေပြီဖြစ်သလို Microsoft ကလည်း Taskbar ၊ Android App Support တွေအပြင် တခြားသော Feature အသစ်တွေကိုပါ ဆက်တိုက်စမ်းသပ်ထည့်သွင်းနေတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၄ မှာသာ Windows 12 ကို အသစ်မိတ်ဆက်လာဦးမယ်ဆိုရင် ဘယ်လိုမျိုး ပြောင်းလဲမှုတွေရှိလာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena