အခုနောက်ပိုင်းမှာ NFT တွေဟာ ရေပန်း တော်တော်စားလာပြီး အနုပညာရှင်တွေနဲ့ အားကစားသမားတွေဟာလည်း ကိုယ်ပိုင် NFT တွေ ထုတ်လုပ်ရောင်းချလာကြပါတယ်။ အခုလည်း Golf နဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေ ရောင်းချတဲ့ Malbon Golf ကလည်း NFT နယ်ပယ်ထဲ ဝင်ရောက်လာပါပြီ။
Malbon Golf ဟာ ဒီလ အစောပိုင်းမှာ NFT ပေါင်း ၁,၀၀၀ ကို Buckets Club ကနေ ရောင်းချပေးလိုက်ပြီး Ethereum Blockchain ကို အသုံးပြုထားပါတယ်။ NFT ဝယ်ယူသူတိုင်းကို အဖွဲ့ဝင် အဖြစ် ထည့်သွင်းပေးမှာ ဖြစ်ပြီး Malbon ဟာ ကမ္ဘာ့ ပထမဆုံး ဒစ်ဂျစ်တယ် Country ကလပ်ကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။
Malbon Golf က NFT ၁ ခုကို .30 ETH သတ်မှတ်ထားပြီး ETH ဟာ ကမ္ဘာ့ ဒုတိယ အကြီးမားဆုံး Cryptocurrency ဖြစ်ပါတယ်။ Bitcoin နဲ့ မတူတာက Ethereum ဟာ NFT တွေကို အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ Blockchain Infrastructure ကို ထောက်ပံ့ပေးထားပါတယ်။
Malbon Golf ဟာ အဖွဲ့ဝင်တွေကို လက်ခံနေပါသေးတယ်။ Malbon Golf ဟာ နောက်ထပ် NFT တွေကို ရောင်းချဖို့ စီစဉ်ထားပြီး NFT ပိုင်ဆိုင်ထားသူတွေဟာ အဖွဲ့ဝင်တွေပဲ ဝယ်ယူနိုင်မယ့် အရာတွေကို Buckets Webstore ကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ လျှော့ဈေးတွေ၊ နောက်ထုတ်မယ့် NFT တွေကို ဝယ်ယူနိုင်မယ့် အစီအစဉ်လည်း ပြုလုပ်ပေးထားပါတယ်။
Ref : golfdigest