AI နည်းပညာ ပေါ်ထွက်လာမှုကြောင့် လူတစ်ယောက်ရဲ့ ဘဝဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ သူဟာ Elon Musk ရဲ့ ‘Grok’ AI tool ကို သုံးပြီး ဆရာဝန်တွေ မတွေ့ရှိခဲ့တဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါပိုးဝင်ရောက်မှုကို ရှာဖွေတွေ့ရှိခဲ့ကာ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။
How a late-night conversation with Grok got me to demand the CT scan that saved my life from a ruptured appendix (December 2025)
byu/Tykjen ingrok
ပုံမှန်အားဖြင့် AI အသုံးပြုမှုတွေက ရိုးရှင်းပေမယ့် ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ AI က ဆရာဝန်တွေကို အပြည့်အဝ အစားမထိုးနိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ Supercar Blondie က ဖော်ပြချက်အရ အသက် ၄၉ နှစ်အရွယ် နော်ဝေနိုင်ငံသားတစ်ယောက်ဟာ သာမန် AI tool တစ်ခုကို သုံးပြီး ဆရာဝန်တွေ သတိမထားမိတဲ့ ကျန်းမာရေးပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ဗိုက်ထဲမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရပေမယ့် အရေးပေါ်ဌာနက ဆရာဝန်တွေက အက်ဆစ်ဓာတ်ပြယ်ဆေးပေးပြီး အိမ်ပြန်လွှတ်လိုက်ပါတယ်။ ဒါကြောင့် သူက Grok ကို အကူအညီတောင်းခဲ့ရာမှာ AI က အစာအိမ်ပေါက်တာ (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ အူအတက်ရောင်တာ ဖြစ်နိုင်ကြောင်း ချက်ချင်း သတိပေးခဲ့ပြီး CT scan သွားရိုက်ဖို့ အကြံပေးခဲ့ပါတယ်။
ဆရာဝန်တွေက Grok ရဲ့ အကြံပေးချက်အတိုင်း စစ်ဆေးကြည့်တဲ့အခါ အူအတက်ရောင်နေပြီး ပေါက်ထွက်လုနီးပါး ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ခွဲစိတ်ကုသမှု ခံယူပြီးနောက် သူဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ဆရာဝန်တွေ မတွေ့တဲ့ ရောဂါကို AI က ရှာဖွေပေးနိုင်ခဲ့တာကြောင့် အသက်ရှင်ခွင့်ရခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
Ref : uniladtech