Meta ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ဟာ လာမယ့်အောက်တိုဘာလအတွင်းမှာ Meta VR Headset အသစ်ကို မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုလိုက်ပါတယ်။ Zuckerberg ဟာ အဆိုပါသတင်းကို Joe Rogan Podcast မှာ ပြောကြားခဲ့တာဖြစ်ပြီး Headset အတွက် Codename ကို Project Cambria လို့ ပေးထားတယ်လို့ သိရပါတယ်။

Mark Zuckerberg ကနေ အောက်တိုဘာလအတွင်းမှာ မိတ်ဆက်သွားမယ်လို့ပြောကြားခဲ့တဲ့အတွက် ဖြစ်နိုင်ခြေများတာကတော့ Meta ကုမ္ပဏီကနေ နှစ်စဥ်ပြုလုပ်နေတဲ့ Connect Event မှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ အဆိုပါ Meta VR Headset အသစ်ဟာ လက်ရှိ Oculus VR Headset တွေနဲ့ယှဥ်မယ်ဆိုရင် Feature အသစ်တွေ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Feature အသစ်တွေထဲမှာ အဓိကအနေနဲ့ Eye and Facial Tracking Feature တွေဖြစ်လာမှာဖြစ်ပြီး Virtual Reality ထဲမှာ Eye Contact ပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ Metaverse အတွင်းမှာရှိတဲ့ ကိုယ့်ရဲ့ Avatar ကို အပြင်လောကအတိုင်း ထိတွေ့ဆက်ဆံမှုတွေ ပိုပြီး လွယ်ကူအဆင်ပြေလာမှာပါ။

ဒီလိုမျိုး အဆင့်မြင့် Feature အသစ်တွေပါဝင်လာမယ့် Meta VR Headset အသစ်ဟာ စျေးနှုန်းအနေနဲ့လည်း ပိုပြီး မြင့်မားလာမယ်လို့ ယူဆရပါတယ်။ Meta ဟာ မကြာသေးခင်ကမှ Quest VR Headset ကို $399 ကို စျေးတင်ပြီး ရောင်းချနေတာကြောင့် Meta VR Headset ဟာလည်း အနည်းဆုံး $500 အထက် ဖြစ်လာနိုင်ပါတယ်။

Ref – The Verge