Facebook  ပူးတွဲတည်ထောင်သူနဲ့ Meta ရဲ့ CEO ဖြစ်တဲ့ ဘီလီယံနာ မတ်ခ် ဇူကာဘတ်ဟာ သူ့ရဲ့ နေအိမ်ခြံဝင်းကို တိုးချဲ့တည်ဆောက်နေတာကြောင့် အသံဆူညံမှုတွေကို နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အိမ်နီးချင်းတွေကို သက်သာရာရစေဖို့ ပါလို အယ်လ်တိုမြို့က Crescent Park ရပ်ကွက်မှာ Noise-canceling Headphones တွေပေးခဲ့တယ်လို့ New York Times သတင်းစာက ဖော်ပြထားပါတယ်။

Mark Zuckerberg stands in a doorway

ဇူကာဘတ်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်အတွင်း Edgewood Drive နဲ့ Hamilton Avenue လမ်းတွေပေါ်က အိမ်အနည်းဆုံး ၁၁ လုံးကို ဝယ်ယူဖို့အတွက် ဒေါ်လာ သန်း ၁၁၀ ကျော် သုံးစွဲခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် တစ်ချိန်က ရှေ့နေတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ စတန်းဖို့ဒ်တက္ကသိုလ်က ပါမောက္ခတွေ နေထိုင်ခဲ့တဲ့ သာယာလှပတဲ့ အဲဒီရပ်ကွက်ဟာ ဆောက်လုပ်ရေးသုံး စက်ပစ္စည်းတွေ၊ စောင့်ကြည့်ကင်မရာတွေနဲ့ မကြာခဏ ပြုလုပ်တဲ့ ခမ်းနားတဲ့ ပါတီပွဲတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

Zuckerberg Gifted Noise-Cancelling Earphones To Annoyed Neighbors Over  Non-Stop Construction Of His Houses - Tech

အိမ်ရာရှားပါးမှု ပြဿနာကြီးမားတယ်လို့ နာမည်ကြီးတဲ့ ဒေသမှာရှိနေပေမယ့် အခုနောက်ပိုင်း ဝယ်ယူခဲ့တဲ့ အိမ်တချို့ကတော့ လူမနေဘဲ ဒီအတိုင်း ရှိနေပါတယ်။ တခြားအိမ်တွေကိုတော့ ဧည့်သည်တွေအတွက် ဧည့်ဂေဟာတွေ၊ စိမ်းစိုတဲ့ ဥယျာဉ်တွေ၊ pickleball ကစားကွင်းနဲ့ ရေအနက်အမြင့်ချိန်ညှိနိုင်တဲ့ ရေကူးကန်တွေအဖြစ် ပြောင်းလဲထားပါတယ်။ ဒါ့အပြင် အချိန်အတိုင်းအတာတစ်ခုအထိ ဇူကာဘတ်ရဲ့ ကလေးတွေနဲ့ တခြားကလေးတွေအတွက် ကိုယ်ပိုင်ကျောင်းအဖြစ်လည်း ဖွင့်လှစ်ခဲ့ပြီး အဲဒီလိုအသုံးပြုမှုဟာ ဒေသဆိုင်ရာ မြို့ပြစီမံကိန်း ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ယူဆရပါတယ်။

အဲဒီခြံဝင်းရဲ့ မြေအောက်မှာ ဇူကာဘတ်ဟာ စတုရန်းပေ ၇,၀၀၀ ကျယ်ဝန်းတဲ့ နေရာကို “မြေအောက်ထပ်တွေ” အဖြစ် ထပ်မံတည်ဆောက်ခဲ့ပြီး ဒေသခံတွေကတော့ အဲဒါတွေကို “ဘန်ကာတွေ” ဒါမှမဟုတ် “ဘီလီယံနာရဲ့ လိုဏ်ဂူ” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဇူကာဘတ်ဟာ ဟာဝိုင်အီမှာရှိတဲ့ သူ့ရဲ့ခြံဝင်းမှာလည်း စတုရန်းပေ ၅,၀၀၀ ကျယ်တဲ့ မြေအောက်အဆောက်အအုံတစ်ခုကို အလားတူ တည်ဆောက်ခဲ့ပြီး အဲဒါဟာ “ကမ္ဘာပျက်ရင် ခိုလှုံဖို့ ဘန်ကာ” မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

အဓိက မကျေနပ်မှုတွေကတော့ ၈ နှစ်နီးပါး မရပ်မနား ဆက်တိုက် ဆောက်လုပ်နေတာကို အခြေခံနေပါတယ်။ အိမ်နီးချင်းအများအပြားက လမ်းတွေပိတ်ဆို့တာ၊ အမှိုက်တွေနဲ့ မရပ်မနား ဆူညံနေတဲ့အသံတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

Ref : Fortune