ဇူဇူက တန်ဖိုးကြီး ကား ၂ စီးကို ဝယ်ယူလိုက်ပါတယ်။ ၁ စီးက Porsche 911 GT3 ဖြစ်ပြီး နောက် ၁ စီးက သူ့ ဇနီး ပရက်စီလာချန်း အတွက် ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ Porsche Cayenne ဖြစ်ပါတယ်။

Porsche x West Coast Customs pimp Zuckerberg's ride - carsales.com.au

Meta CEO ဇူဇူက အဲဒီကား ၂ စီးနဲ့ သူတို့ စုံတွဲ ဓါတ်ပုံရိုက်ထားတဲ့ ပုံကို ပြသခဲ့ပြီး “ ပရက်စီလာ က မီနီဗင်ကား ၁ စီးလိုချင်နေတာပါ။ အဲဒီအတွက် ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး Porsche Cayenne Turbo GT Minivan  ကို လက်ဆောင်ပေးလိုက်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Mark Zuckerberg reveals his and his wife's self-designed Porsches

အဲဒီကားမှာ ခေတ်ပေါ် မီနီဗင် စွမ်းရည်တွေ ထည့်သွင်းထားပါတယ်။ ဇူဇူက တစ်မူထူးခြားတဲ့ ဒီဇိုင်းကို ပူးပေါင်း ဖန်တီးပေးတဲ့ West Coast Customs ကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီကားဟာ ကမ္ဘာမှာ ၁ စီးထဲရှိတဲ့ Porsche မီနီဗင် ဖြစ်ပါတယ်။ West Coast Customs ဟာ ကားတွေကို ဝယ်သူစိတ်ကြိုက် Customize ဖန်တီးရာမှာ နာမည်ကြီးကုမ္ပဏီပါ။

လက်ရှိမှာ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး ဇူဇူဟာ ဇနီးကို အလွန် ချစ်တယ်လို့ ထင်ရပါတယ်။ မကြာခင်ကလည်း သူ့ဇနီးအတွက် ၇ ပေ ပုံတူ ရုပ်တု ၁ ခု လက်ဆောင်ပေးခဲ့ပါတယ်။

Ref: Tech Dad