နည်းပညာ လောကရဲ့ ဆရာနှစ်ဆူ ဖြစ်တဲ့ Mark Zuckerberg နဲ့ Elon Musk တို့ဟာ ထိုးဖို့ အပြန်အလှန် စိန်ခေါ်နေတဲ့သတင်းတွေ အရင်က ကြားခဲ့ရပြီးပါပြီ။ အခုလည်း သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ မပြီးသေးပါဘူး။
Zuckerberg က သူ့ရဲ့ လှုမှုကွန်ရက် အသစ်ဖြစ်တဲ့ Threads မှာ Musk ကို စိန်ခေါ်လိုက်ပါတယ်။ Zuckerberg က ဒီလ ၂၆ ရက်နေ့မှာ ထိုးမယ်လို့ ပြောပါတယ်။ Musk ကတော့ အဲဒါနဲ့ပတ်သက်ပြီး ဘာမှ မတုန့်ပြန်သေးပါဘူး။
Musk က ထိုးပွဲ ဖြစ်လာရင် X မှာ တိုက်ရိုက်ထုတ်လွှင့်ပြသပြီး အခကြေးငွေနဲ့ပြသမယ်လို့ ပြောထားပါတယ်။ သူက ရလာတဲ့ ငွေတွေကို စစ်မှုထမ်းဟောင်းတွေကို လှူဒါန်းမယ်လို့ ပြောပါတယ်။ Zuckerberg ကတော့ ပရဟိတအတွက် ရန်ပုံငွေ ရနိုင်မယ့် ပလက်ဖောင်း တစ်ခုကို အသုံးပြုသင့်တယ်လို့ ပြောပါတယ်။ Zuckerberg က ပြိုင်ပွဲအတွက် နည်းပြတွေနဲ့လေ့ကျင့်ထားတယ်လို့ ပြောပါတယ်။
Zuckerberg နဲ့ Musk တို့ဟာ နည်းပညာ လောကမှာ အယူအဆ မတူညီကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Aitificial Intelligence နဲ့လူမှုကွန်ရက် ကနေ အာကာသ စူးစမ်းလေ့လာရေးအထိ သဘောထားတွေ မတူညီကြပါဘူး။
သူတို့နှစ်ယောက်ဟာ လူမှုကွန်ရက်တွေကနေပဲ ထိုးနေကြတာလား၊ တကယ် အပြင်မှာ ထိုးကြမလားဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : gizmochina