ဇူကာဘတ်ဟာ ဟာဝိုင်အီမှာ ၁,၄၀၀ ဧက ကျယ်ဝန်းတဲ့ ခြံနဲ့ စံအိမ်ကြီးကို တည်ဆောက်နေတယ်လို့ Wired က သတင်းပေးလာပါတယ်။ အဲဒီ စံအိမ်ကြီးမှာ အိပ်ခန်း ၃၀ နဲ့ ရေချိုးခန်း ၃၀ အပါအဝင် အခန်းများစွာ ပါရှိမှာပါ။

ဇူဇူဟာ ၂၀၁၄ ခုနှစ် ဩဂုတ်လကတည်းက Kauai မှာ ဒေါ်လာ သန်း ၁၇၀ နဲ့မြေဝယ်ခဲ့ပြီး အဆောက်အဦးတွေ တည်ဆောက်ဖို့ နောက်ထပ် ဒေါ်လာ သန်း ၁၀၀ သုံးစွဲမှာပါ။

အဲဒီ ခြံကြီးရဲ့ အလယ်ဗဟိုမှာ Koolau Ranch လို့ အမည်ပေးထားတဲ့ စံအိမ်ကြီး ၂ လုံးကို မြေအောက် ဘန်ကာရဲ့ အထက်မှာ တည်ဆောက်မှာပါ။ စံအိမ်ကြီး ၂ လုံးဟာ ၅၇,၀၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ဓါတ်လှေခါး၊ မီးဖိုချောင်နဲ့ အစည်းအဝေးခန်းတွေ ပါဝင်မှာပါ။ ဒါ့အပြင် Gym ၊ ရေကူးကန်၊ ချွေးထုတ်ခန်းနဲ့ တင်းနစ်ကွင်းတွေလည်း ထည့်သွင်းထားမှာပါ။

1400 Acres, $270 Million Mega Bungalow: Mark Zuckerberg's Secret Plan – Varalaruu.com

မြေအောက် ဘန်ကာဟာ ၅,၀၀၀ စတုရန်းပေ ကျယ်ဝန်းပြီး လျှို့ဝှက်တံခါးကနေ ဝင်ရောက်ရမှာပါ။ ဘန်ကာထဲမှာ လူတွေ နေထိုင်နိုင်တဲ့ အခန်းတွေ ရှိပြီး အန္တရာယ်ကြုံလာရင် ထွက်ပြေးနိုင်တဲ့ လမ်းတွေ ရှိပါတယ်။ ခြံကြီးကို လမ်းမကနေ မမြင်ရအောင် ၆ ပေ အမြင့်ရှိတဲ့ အုတ်တံတိုင်းတွေနဲ့ ကာရံထားမှာ ဖြစ်ပြီး လုံခြုံရေး ဝန်ထမ်းတွေက အချိန်ပြည့် စောင့်ကြည့်နေမှာပါ။

ဇူဇူဟာ ကမ္ဘာပျက်ကိန်းကြုံလာရင် ထွက်ပြေးဖို့ ကြံစည်နေသလားလို့ ထင်ရပါတယ်။ ဇူဇူဟာ Koolau Ranch မှာ အမြဲ နေမလား၊ တစ်ခါတစ်လေပဲ နေမလားဆိုတာ မသိရသေးပါဘူး။

Ref : yahoo